တိုက်စစ်မှူး

May 25, 2019

တိုက်စစ်မှူး အောင်သူ Trat အသင်းကို ပြောင်းရွှေ့နိုင်ဟု သတင်းထွက်ပေါ်

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်ရဲ့ရာသီဝက် အပြောင်းအရွှေ့ ကာလမှာ လက်ရှိမြောင်ထောင်ယူနိုက်တက် အသင်းကနေ တရက် (Trat) အသင်းကို ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတယ်လို့ မေ ၂၄ ရက်နေ့ Foxsportasia သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၂ နှစ်အရွယ် အောင်သူဟာ ပြီးခဲ့တဲ့နှစ်ဟာ ထိုင်းကလပ် Police Tero အသင်းမှာ အငှားသွားရောက်ကစားကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်အစပိုင်း ထိုင်းလိဂ်ရဲ့ အင်အားကြီးအသင်းတသင်းဖြစ်တဲ့ မြောင်ထောင်ယူနိုက်တက်အသင်းက ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အသင်းသစ်မှာတော့ အောင်သူဟာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို အသင်းဟာလည်း ကစားခဲ့တဲ့ ၁၀ ပွဲမှာ နှစ်ပွဲသာအနိုင်ရထားပြီး အမှတ်ဇယား ရဲ့အောက်ကိုရောက်ရှိနေပါတယ်။ ဒါ့ကြောင့် အောင်သူအနေနဲ့ မကြာခင်စတင်တော့မယ့် အပြောင်းအရွှေ့ကာ လမှာ အသင်းပြောင်းဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီး ဒီနှစ်မှ တန်းတက်လာတဲ့  တရက်အသင်းကို ပြောင်းရွေှ့နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အောင်သူဟာ လက်ရှိအချိန်မှာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းနဲ့ စာချုပ်ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်ပြီး အသင်း ပြောင်းဖြစ်ခဲ့ရင် တရက်အသင်းကို ရောက်ရှိဖို့ ရာခိုင်နှုန်းများတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ တရက်အသင်းဟာ ဒီရာသီအစ လေးပွဲမှာ နှစ်မှတ်သာရရှိခဲ့ပေမယ့် ၁၁ ပွဲကစားပြီး ချိန်မှာတော့ ၁၆ သင်းပါ ထိုင်းလိဂ်ရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ အောင်သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြောင်ထောင်ယူနိုက်တက်ဘက်ကတော့“ အအသင်းကစားသမားတွေနဲ့ ပတ်သက်တဲ့ ကောလဟာလ၊ ခန့်မှန်းချက်တွေအပေါ် မှတ်ချက်ပေးလိုခြင်းမရှိဘူးလို့ ဆိုပါတယ်။ တရက် အသင်းဟာ လက်ရှိအချိန်မှာ နိုင်ငံခြားသား ကစားသမားလေးဦးကို ခေါ်ယူထားပြီး အာဆီယံကစားသမား သုံးဦးကို ခေါ်ယူခွင့်ရှိသေးတာကြောင့် ကြယ်ပွင့်ကစားသမား  အောင်သူကို ခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
2 years Ago

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် တိုက်စစ်မှူး ဟယ်ရီကိန်း ပါဝင်နိုင်ရန် နည်းပြ မျှော်လင့်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဟယ်ရီကိန်းပါဝင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေကြောင့် အနားယူခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြန်လည်သက်သာ လာတာကြောင့် အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ဇွန်လ ၁ ရက်မှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဟယ်ရီကိန်းအနေနဲ့ ကြံ့ခိုင်မူအပြည့်နဲ့ ကစားနိုင်မလားဆိုတာကို နည်းပြပိုချက်တီနိုက ပြောကြာသွားခဲ့ပါတယ်။ စပါးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ဗာတွန်ဂန်၊ဆန်းချက်ဇ်တို့ဟာ လေ့ကျင့်ရေးပြန်ဆင်း နေပြီလို့သိရပါတယ်။ ဒါပေမယ့် ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မူရမလားဆိုတာကတော့ ဇွန်လ ၁ ရက်မတိုင်ခင်မှာ စောင့်ကြည့်သွားရမယ်လို့ ဆိုပါတယ်။
2 years Ago

April 28, 2019

ဒိုင်တွေကို ဝေဖန်သဖြင့် တိုက်စစ်မှူး နေမာ ချန်ပီယံလိဂ် ၃ ပွဲ အပယ်ခံရ

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာဟာ အင်စတာဂန် လူမှုကွန်ရက်မှာ ဒိုင်တွေကို ရင့်သီးတဲ့ စကားလုံးတွေနဲ့ ဝေဖန်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၃ ပွဲ အပယ်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ မန်ယူတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်က ဗွီဒီယို အထောက်အကူပြုစနစ်ကို အသုံးပြုပြီး ပင်နယ်တီပေးတဲ့အပေါ် နေမာက ဝေဖန်ခဲ့တာပါ။ အဲဒီပင်နယ်တီကြောင့် မန်ယူက ပီအက်စ်ဂျီကို ၂ ပွဲပေါင်း ရလဒ်နဲ့ နိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး နေမာက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အင်စတာ ဂန်ပေါ်မှာ စော်ကား ပြောဆိုတဲ့ စကားလုံးတွေ ရေးသားခဲ့တာပါ။ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် နေမာဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တ၀က်လောက်အထိ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။
2 years Ago
More News
Up