တိုက်စစ်မှူး

July 5, 2015

တိုက်စစ်မှူး ဒက်ဒရီယာနိုကို အေစီမီလန်ခေါ်ယူ

အီတလီ စီးရီးအေးကလပ် အေစီမီလန်က ယူကရိန်းကလပ် ရှာတာ ဒွန်းတက်အသင်းရဲ့ တိုက်စစ်မှူး လူးဝစ် အက်ဒရီယာနိုကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အေစီမီလန်က ဘရာဇီး တိုက်စစ်မှူး အက်ဒရီယာနိုကို ပေါင် ၅ သန်းကျော် ပေးပြီး ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ ရှာတာဒွန်းတက်မှာ ၈ နှစ်ကြာ ကစားခဲ့တဲ့  အသက် ၂၈ နှစ်အရွယ် အက်ဒရီယာနိုဟာ ယူရိုပါလိဂ် ချန်ပီယံဆုနဲ့အတူ ယူကရိန်း ချန်ပီယံဖလား ၆ ကြိမ် ရဖူးထားပြီး ပြိုင်ပွဲအားလုံးကနေ ဂိုးပေါင်း ၁၂၉ ဂိုး သွင်းယူထားပါတယ်။ တိုက်စစ်မှူး အက်ဒရီယာနိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၉ ဂိုး သွင်းယူနိုင်ခဲ့လို့ မက်ဆီ၊ နေမာနဲ့ ရော်နုယ်ဒိုတို့ နောက်မှာ ဒုတိယ ဂိုးသွင်း အများဆုံးသူ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူဟာ ဘရာဇီး လက်ရွေးစင် အသင်းအတွက်တော့ ၄ ပွဲ ကစားပေးထားပါတယ်။  
6 years Ago
Up