သြစတြေးလျနိုင်ငံမှာ တိုက်ခိုက်ဖို့လာတဲ့ ငမန်းဖြူတကောင်နဲ့ မျက်နှာခြင်းဆိုင်တွေ့တဲ့ လူတဦးက ငမန်းရဲ့ နှာခေါင်းကိုကိုင်ပြီး ငမန်းကို တည်ငြိမ်အောင် ကြိုးပမ်းခဲ့ပါတယ်။
ရေငုပ်သမားက တည်ငြိမ်စွာနဲ့ ငါမန်းရဲ့ နှာခေါင်းကိုကိုင်ပြီး တွန်းဖို့ကြိုးစားခဲ့ပါတယ်။ ငါမန်း နှာခေါင်းဟာ နပ်ဗ်ကြောတွေဆုံတဲ့နေရာဖြစ်ပြီး ဒါကို ပွတ်သပ်လိုက်ရင်တော့ သူတို့ရဲ့ အာရုံခံ စနစ်ကို လှည့်စားသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ပတ်သ်ရဲ့တောင်ဘက် သြဂတ်စ်တာ ကမ်းခြေမှာ ငါးမန်းနဲ့စင်တီမီတာ အနည်းငယ်အကွာမှာ နှာခေါင်းကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားပါတယ်။
ဓာတ်ပုံကို Perth and WA Fishing Reports က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်ကို သြဂုတ် ၂၈ ရက်က တင်ခဲ့ရာမှာ မှတ်ချက်ရေးသူ တော်တော်များများလည်း ရှိခဲ့ပါတယ်။
နှာခေါင်းကို ပွတ်တာဟာ မှားယွင်းတဲ့ ရလဒ်ထွက်ပြီး အစားခံရနိုင်တယ်လို့လည်း တချို့က ရေးပါတယ်။
တချို့ကတော့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ငါမန်းက အရှင်ဟုတ်မဟုတ် မေးခွန်းထုတ်ကြပါတယ်။
5 years Ago