တုတ်တုတ်ယာဉ်စီး

October 16, 2019

ဗြိတိန်တော်ဝင်မင်းသား ဝီလျံနှင့် ကက်သရင်းတို့ ပါကစ္စတန်တွင် တုတ်တုတ်ယာဉ်စီး

ပါကစ္စတန် အမျိုးသားမော်ကွန်းတိုက်မှာ အောက်တိုဘာလ ၁၅ ရက်က ကျင်းပတဲ့ ဧည့်ခံပွဲကို ဗြိတိန်တော်ဝင်မင်းသား ဝီလျံနဲ့ ကက်သရင်းတို့ တုတ်တုတ်ယာဉ်စီးပြီး တက်ရောက်ခဲ့ပါတယ်။  ဝီလျံနဲ့ ကိတ်တို့ဟာ ဗြိတိန်သံရုံးက ကျင်းပတဲ့ ဒီပွဲကို ပါကစ္စတန်နဲ့ ဗြိတိန်အလံတွေ ရေးဆွဲထားတဲ့ တုတ်တုတ်ယာဉ်ကို စီးပြီး လာရောက်ခဲ့သလို ပါကစ္စတန် ရိုးရာဝတ်စုံကိုလည်း ဝတ်ဆင်လာခဲ့ပါတယ်။ အခမ်းအနား မိန့်ခွန်းပြောရာမှာတော့ ဝီလျံက ပါကစ္စတန်နိုင်ငံသားတွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ အရသာရှိလှတဲ့ စားဖွယ်တွေအတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။  ဒါ့အပြင် ဝီလျံက ဒီကနေ့ ပါကစ္စတန်ဟာ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီး လာရောက်လည်ပတ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၅၀ နဲ့ အတော်လေး ကွာခြားခဲ့ပြီး မြို့တော်ကြီး တခုအဖြစ်  ပြောင်းလဲတိုးတက်လာပြီလို့ ပြောခဲ့ပါတယ်။ ဝီလျံနဲ့ ကိတ်တို့ဟာ ပါကစ္စတန်နိုင်ငံကို အောက်တိုဘာ ၁၄ ရက်ညက ရောက်ခဲ့ပြီး ပါကစ္စတန် ဝန်ကြီးချုပ်၊ ပါကစ္စတန် ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန် တော်ဝင်ဇနီးမောင်နှံဟာ သူတို့ရဲ့ ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ပါကစ္စတန်ကို ၅ ရက်ကြာခရီး ရောက်ရှိနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ဗြိတိန်ဟာ ပါကစ္စတန်ရဲ့ ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ဗြိတိန်မှာ ပါကစ္စတန် အဆက်အနွယ် ပြည်သူ တသန်းခွဲ နေကြတယ်လို့လည်း မင်းသားဝီလျံက ပြောပါတယ်။
2 years Ago
Up