တီးတိန်မြို့နယ်

A d v e r t i s e m e n t With Us

August 5, 2020

အိန္ဒိယပြန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ လူနာသစ် ၁ ဦး ထပ်မံတွေ့ရှိ  

အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတန်း အတည်ပြုလူနာပေါင်း ၃၅၇ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာသစ်ကတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး တွန်းဇံမြို့နယ်မှာ  အသွားအလာစောင့်ကြပ်ခံထားရသူဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၃၃၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၂၇ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၇၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၁၄၄ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၈၅ ခု စုစုပေါင်း ၉၆၇ ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးခဲ့ရာမှာ လူနာသစ် တစ်ဦးထပ်တွေ့ရှိခဲ့တာပါ။ ဩဂုတ် ၅ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၅၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၀၅ ဦးပြီး ဒီအထဲက ၂၈၉ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါတယ်။
7 months Ago

July 19, 2020

အိန္ဒိယကပြန်လာသည့် တွန်းဇံမြို့နယ်နေ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဓာတ်ခွဲနမူနာ ၉၈၉ ခုအား စစ်ဆေးချက်အရ အိန္ဒိယက ပြန်လာတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နေ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၇၁ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ စုစုပေါင်း ၉၈၉ ခုတို့အား စစ်ဆေးပြီးစီးခဲ့တာပါ။ လူနာသစ် ၃၄၁ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တီးတိန်မြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ သူ့ကို တီးတိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။  မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၀၇၇ ခုအား စစ်ဆေးရာမှာလည်း ယူအေအီးနိုင်ငံက ပြန်လာတဲ့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူလူနာ ၂၇၃ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၆၁ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၃၉ ဦး ရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
8 months Ago
Up