အီသီယိုးပီးယားအနောက်ပိုင်း တီဂရေးပြည်နယ်မှာ စစ်တပ်က ဒေသခံတပ်တွေကို အနိုင်ရ တယ်လို့ ဝန်ကြီးချုပ် အက်ဘီအာမက်က ပြောပါတယ်။
ဝန်ကြီးချုပ် အက်ဘီက သီတင်းတစ်ပတ်ကြာ တိုက်ပွဲအတွင်း ရန်သူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အာဖရိကဦးချိုဒေသ မတည်ငြိမ်အောင် ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲ ပြောကြားပါတယ်။
နိုဝင်ဘာ ၁၀ ရက်မှာ နိုင်ငံပိုင်ရုပ်သံက တီဂရေးဒေသ ဟူမဲလာလေဆိပ်ကို အီသီယိုးပီးယား စစ်တပ် ထိန်းချုပ်တဲ့ ဗွီဒီယိုကို ပြသခဲ့ပါတယ်။ လေကြောင်းနဲ့ မြေပြင် တိုက်ပွဲတွေကြောင့် လူပေါင်းရာချီ သေဆုံးပြီး အိမ်နီးချင်း ဆူဒန်နိုင်ငံထဲ ဒုက္ခသည် အလုံးအရင်း ဝင်ရောက်ခဲ့ပါတယ်။
ဒီအတွက် အီသီယိုးပီးယားမျိုးနွယ်စု ကွဲပြားမှုကို မတည်မငြိမ် ဖြစ်စေပြီး ၂၀၁၉ တုန်းက နိုဘယ်ငြိမ်းချမ်းဆု ရခဲ့တဲ့ ဝန်ကြီးချုပ် အက်ဘီရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်တာတွေ မြင့်တက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 years Ago