တီမော

July 29, 2019

မြန်မာယူ-၁၅ အသင်း အရှေ့တီမောကို (၃-၁) ဂိုးဖြင့်ရှုံးနိမ့် 

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ကျင်းပတဲ့ AFF U-15 Boys Championship 2019 ပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၅ အသင်းဟာ ဒီကနေ့ အရှေ့တီမော အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီနေ့ ကန်သွားတဲ့ အင်ဒိုနီးရှား ယူ-၁၅နဲ့ စင်ကာပူ ယူ-၁၅ အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အင်ဒိုနီးရှားက စင်ကာပူကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြန်မာလူငယ်အသင်းဟာ  စင်ကာပူအသင်းနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ဇူလိုင် ၂၇ ရက်နေ့က ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဓာတ်ပုံ-MFF
2 years Ago

July 30, 2018

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် မြန်မာက တီမောကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင် (ဓာတ်ပုံ)

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု က အဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ တီမောတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဖွင့်ဂိုးကို တီမောအသင်းက ရခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီး ပွဲချိန် ၄၄ မိနစ်မှာ သွင်းယူခဲ့တာပါ။ ပွဲချိန် ဒုတိယပိုင်းမှာ မြန်မာအသင်းက ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားပြီး ၄၇ မိနစ်မှာပဲ ထောင့်ကန်ဘောကတဆင့် ခွန်ကျော်ဇင်ဟိန်းက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို အောင်ကိုဦးက သွင်းယူပေးခဲ့ပေမယ့် ၇၄ မိနစ်မှာ တီမောအသင်းက ချေပဂိုး ပြန်သွင်းခဲ့လို့ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒီ့နောက် မြန်မာအသင်းက တိုက်စစ်ဆင်ကစားပြီး ပွဲချိန် ၇၈ မိနစ်မှာ နိုင်ထွေးက အနိုင်ဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး အဖွင့်လှခဲ့ပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု က တခြားပွဲစဉ်တွေမှာတော့ အိမ်ရှင် အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို ၈ ဂိုး ဂိုးမရှိ၊ ဗီယက်နမ်က ကမ္ဘောဒီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ အုပ်စု က ဒုတိယပွဲစဉ်တွေအဖြစ် လာမယ့် ဇူလိုင် ၃၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲမှာ ဗီယက်နမ်နဲ့ တီမော၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်၊ ညနေ ၆ နာရီမှာ မြန်မာနဲ့ အိမ်ရှင် အင်ဒိုနီးရှားအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - MFF  
3 years Ago
More News
Up