တီရယ်ထန်

December 7, 2019

ချင်းတိုင်းရင်းသား တီရယ်ထန်းက တောင်ကိုရီးယားကစားသမားကို အနိုင်ယူ

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ MARK OF GRE ATNESS MMA One Championship ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား တီရယ်ထန်းက တောင်ကိုရီးယားကစားသမား ကင်ဝန်ချွမ်းကို အမှတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီအားကစားရုံမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီပွဲမှာ တီရယ်ထန်းနဲ့ ကင်ဝန်ချွမ်းတို့က သုံးချီပွဲအဖြစ် ထိုးသတ်ခဲ့ရတာပါ။ တောင်ကိုရီးယားပြိုင်ဘက် ကင်ဝန်ချွမ် နဲ့ ပွဲမတိုင်ခင်ကတည်းက နံရိုးကျိုးဒဏ်ရာ ရရှိထားခဲ့တယ်လို့ တီရယ်ထန်းက ပြောပါတယ်။  တီရယ်ထန်းအနေနဲ့ ပွဲအပြီး အနိုင်ရခဲ့ပြီးနောက်မှ ဒဏ်ရရရထားတဲ့ အကြောင်းပြောခဲ့တာဖြစ်ပြီး အောင်လအန်ဆန် တိုက်တွန်းတာကြောင့် ဆက်လက်ထိုးသတ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။  ချင်းတိုင်းရင်းသား တီရယ်ထန်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း ပွဲတွေ ဆက်လက်ထိုးသတ်မှာဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်တဲ့အထိ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
2 years Ago
Up