တီယာနေး

January 3, 2021

အနာဂတ်တွင် တီယာနေးက အာဆင်နယ်အသင်းခေါင်းဆောင် ဖြစ်နိုင်ဟု မာတင်ကီယွန် ချီးကျူး

နောက်ခံလူ တီယာနေးဟာ အနာဂတ်မှာ အာဆင်နယ်အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ အသင်းဂန္ထဝင် မာတင်ကီယွန်က သုံးသပ်ပါတယ်။  ဘယ်နောက်ခံလူ တီယာနေးလ်ဟာ အသင်းရဲ့ ၃ ပွဲဆက် နိုင်ပွဲမှာ အရေးပါတဲ့နေရာကနေ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်း ဘယ်တောင်ပံကနေ အတွင်းထဲ ဆွဲဝင်ပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ တီယာနေးအနေနဲ့ အနာဂတ်မှာ အာဆင်နယ်အသင်း ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေရှိနေပြီး အသင်းခေါင်းဆောင် ကင်းမဲ့နေတဲ့ ဝေဖန်မှုတွေကို တီယာနေးက ချိုးဖျက်လိမ့်မယ်လို့ မာတင်ကီယွန်က ချီးကျူးသွားတာပါ။ တီယာနေးမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စရိုက်လက္ခဏာတွေက အသင်းတိုင်းအတွက် လိုအပ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စိတ်ဓာတ်ပိုင်းပြင်းထန်သလို အသင်းအတွက် အရာရာ ပေးဆပ်ကစားတက်တဲ့ စိတ်သဘောထားမျိုး ရှိတာကိုလည်း နှစ်သက်တယ်လို့ မာတင်ကီယွန်က ပြောပါတယ်။  အသက် ၂၃ နှစ်ရှိ စကော့တလန် ကစားသမား တီယာနေးဟာ ၂၀၁၉ နွေရာသီက ဆဲလ်တစ်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
10 months Ago
Up