တီယန်ကျင်းမြို့တော်ဝန်ဟောင်းကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချ

September 26, 2017

တီယန်ကျင်းမြို့တော်ဝန်ဟောင်းကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချ

တရုတ်နိုင်ငံမှာ တီယန်ကျင်းမြို့တော်ဝန်ဟောင်းတဦးကို အဂတိလိုက်စားမှုနဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ မြို့တော်ဝန်ဟောင်း ဟွမ်းရှင်းကိုဟာ ရာထူးတိုးမြှင်ရေ့းနဲ့ မြေယာချထားရေးပိုင်းမှာ လာဘ်ငွေအဖြစ် ယွမ်ငွေ သန်း ၄၀ လက်ခံခဲ့တာဖြစ်ပြီး သူ့ကို မြောက်ပိုင်း ဟူဘေးပြည်နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဟွမ်းရှင်းကိုဟာ မြောက်ပိုင်းဆိပ်ကမ်းမြို့က ကွန်မြူနစ်ပါတီ ယာယီအကြီးအကဲအဖြစ် တာဝန်ထမ်းခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အဲဒီဆိပ်ကမ်းမြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။ ဒီနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အကျင့်ပျက်မှုနဲ့ စုံစမ်းစစ်ဆေးခံရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင်းပင် အာဏာရကတည်းက အကျင့်ပျက်ခြစားမှုကို အမြစ်က တွန်းလှန်မယ်လို့ ကတိပြုပြောကြားခဲ့ပြီး အကျင့်ပျက်ခြစားမှုဟာ ကွန်မြူနစ်ပါတီရဲ့ အာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာဖြစ်တယ်လို့ သတိပေး ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up