တီယန်ကျင်း

August 27, 2015

တီယန်ကျင်း ကုန်လှောင်စခန်း ပေါက်ကွဲမှု တာဝန်ရှိသူများကို အရေးယူ

အခုလဆန်းပိုင်းက တီယန်ကျင်း ဆိပ်ကမ်း ကုန်လှောင်စခန်း ပေါက်ကွဲမီးလောင်မှုမှာ တာဝန်ပေါ့လျော့တယ်ဆိုပြီး ဒေသခံအစိုးရနဲ့ ဆိပ်ကမ်းအာဏာပိုင် ၁၁ ဦးကို သြဂုတ် ၂၇ ရက်နေ့က တာဝန်တွေ ရပ်ဆိုင်းခံရပါတယ်။ သူတို့ကို ဖမ်းဆီးအရေးယူမလား ဆိုတာကတော့ အသေအချာ မသိရသေးပါဘူး။ ဒါပေမယ့် ကုန်လှောင်စခန်း ပိုင်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အာဏာပိုင် ၁၁ ဦးကတော့ ဖမ်းဆီးခံရပါတယ်။ သြဂုတ် ၁၂ ရက်နေ့ညက ဓာတုကုန်လှောင်စခန်း ပေါက်ကွဲမှုကြီးဖြစ်ပြီး အနီးပတ်ဝင်းကျင်က အိမ် ၁၀၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၁၃၉ ဦး သေဆုံးခဲ့သလို အနည်းဆုံး ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး လူနာ ၅၀၀ ကျော်လည်း လက်ရှိအချိန်အထိ ဆေးရုံက မဆင်းနိုင်သေးပါဘူး။ ဒီပေါက်ကွဲမှုကြီးကြောင့် တရုတ်နိုင်ငံမှာ အန္တရာယ်ကြီးတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်မှုစနစ်၊ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ လိုက်နာမှုအပေါ် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တဲ့နေရာမှာ လူနေအဆောက်အဦကြီး အနည်းဆုံး ၃ ခုဟာ ဥပဒေကို ချိုးဖောက်ပြီး ကုန်လှောင်စခန်းနဲ့ ၁ ကီလိုမီတာအတွင်း တည်ဆောက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
6 years Ago

August 20, 2015

တီယန်ကျင်း ပေါက်ကွဲမှုကြောင့် အိမ်ယာပျက်စီးသွားသူများ အစိုးရကို ဆန္ဒပြ

တရုတ်ပြည် တီယန်ကျင်း ပေါက်ကွဲမှုအတွင်း အိမ်ယာတွေ ပျက်စီးသွားသူ ၁၅၀ ၀န်းကျင်က အစိုးရကို တာဝန်ယူ ဖြေရှင်းပေးဖို့ ဆက်လက် တောင်းဆိုနေပါတယ်။ မိုးသည်းနေတာကို အံတုပြီး အစိုးရ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ နေရာအနီးမှာ ဆန္ဒပြတာပါ။ သူတို့အတွက် အိမ်ခန်းတွေကို ပြန်ဝယ်ပေးဖို့ တောင်းဆိုကြပြီး ပျက်စီးသွားတဲ့ သူတို့ အိမ်တွေအတွက် ထိုက်သင့်တဲ့ လျော်ကြေး မရဘူးလို့ ဆိုကြပါတယ်။ အိမ်ဆုံးရှုံးသွားသူတယောက်က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာအနီးမှာ ဘယ်လိုမှ ဆက်နေဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင် ပေါက်ကွဲခဲ့တာဖြစ်လို့ အနီးတ၀ိုက်မှာ ဆက်နေရင် မိသားစုတွေ၊ ကလေးတွေရဲ့ ကျန်းမာရေး ထိခိုက်မယ်လို့ ပြောပါတယ်။ တရုတ်ပြည် အရှေ့မြောက်ဒေသထဲက အလုပ်အများဆုံး ဆိပ်ကမ်း ၁၀ ခုစာရင်းဝင် တီယန်ကျင်းဆိပ်ကမ်းမှာ သြဂုတ် ၁၂ ရက်နေ့က အကြီးစား ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပြီး နောက်ဆုံးစာရင်းအရ ၁၁၄ ဦး သေဆုံးပြီး အယောက် ၇၀၀ လောက် ဒဏ်ရာရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးသတ်သမားအများစုဖြစ်တဲ့ နောက်ထပ် လူ ၅၇ ဦးလည်း ပျောက်ဆုံးနေဆဲ  ဖြစ်ပါတယ်။
6 years Ago
More News
Up