တီဘီရောဂါ

October 12, 2019

အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် တီဘီရောဂါတို့အတွက် ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရန်ပုံငွေထည့်မည်

ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ ထိပ်သီးညီလာခံမှာ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရန်ပုံငွေထည့်ဝင်ဖို့ နိုင်ငံတကာ အလှူရှင်တွေက ကတိပြုခဲ့ကြပါတယ်။  ရောဂါတိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှူရှင်တွေဆီက အာမခံကတိတွေ ရခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင် အရာရှိ ပီတာဆန့်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။  ရန်ပုံငွေ ထည့်ဝင်တဲ့နေရာမှာ ဂျပန်ဟာ တခြား G7 နိုင်ငံတွေထက် နောက်ကောက်ကျနေပြီး ဆော်ဒီအာရေဗျနိုင်ငံဟာလည်း တခြားပင်လယ်‌ကွေ့နိုင်ငံတွေထက် နောက်ကောက်ကျနေတယ်လို့ ပြင်သစ်သမ္မတ မက်ခွန်းက ထိပ်သီးတွေ့ဆုံပွဲအပြီးမှာ ပြောခဲ့ပါတယ်။  အဲဒီအခမ်းအနားကို Microsoft ကုမ္ပဏီတည်ထောင်သူ ဘေလ်ဂိတ်နဲ့ U2 ဂီတအဖွဲ့ စတားဘိုနိုတို့လည်း တက်ရောက်လာခဲ့ကြပါတယ်။  အဲဒီတွေ့ဆုံပွဲအတွင်း ၂၀၂၃ ခုနှစ်မှာ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ရပ် ၂၃၄ သန်းကျော်ကို တကမ္ဘာလုံး အတိုင်းအတာနဲ့ တားမြစ်သွားဖို့ ရည်ရွယ်ခဲ့ကြပါတယ်။  ၂၀၁၈ ခုနှစ်က တကမ္ဘာလုံးမှာ HIV ဗိုင်းရပ်ပိုး ကူးစက်ခံရပြီး AIDS ‌ရောဂါခံစားနေရသူ ၃၇ ဒသမ ၉ သန်းရှိတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
2 years Ago
Up