တီဗွီကြော်ငြာထဲကအတိုင်း အမြင့်ခုန်စွမ်းရည်ပြသခဲ့သည့် ခွေးကလေးရုပ်သံ ရေပန်းစား

A d v e r t i s e m e n t With Us

November 14, 2016

တီဗွီကြော်ငြာထဲကအတိုင်း အမြင့်ခုန်စွမ်းရည်ပြသခဲ့သည့် ခွေးကလေးရုပ်သံ ရေပန်းစား

တီဗွီကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ခွေးကလေးရဲ့ လှုပ်ရှားပုံအတိုင်း အမြင့်ခုန်စွမ်းရည်ပြသခဲ့တဲ့ ချစ်စဖွယ်ခွေးကလေးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ ရေပန်းစားနေတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါ တီဗွီကြော်ငြာကတော့ အခုနှစ်အတွက် လူသိများတဲ့ ဂျွန်လူးဝစ္စ ခရစ်စမတ်ပစ္စည်း အရောင်းဆိုင်ကြော်ငြာ Buster the Boxer ဖြစ်ပြီး ခွေးကလေးဟာ ရုပ်သံကြော်ငြာကို ကြည့်ပြီး အမြင့်ခုန်စွမ်းရည် ပြသခဲ့တာကို တွေ့ရပါတယ်။ တီဗွီကြော်ငြာထဲက ခွေးကလေးကတော့ Trampoline စပရင်ဖျင်စပေါ်မှာ ခုန်နေခဲ့တာဖြစ်ပြီး ဘတ်ဇ် (Buzz) လို့ အမည်ပေးထားတဲ့ ပြင်ပက ခွေးကလေးကတော့ သူ့အတိုင်းပဲ တထပ်တည်းကျအောင် ခုန်နေခဲ့တာပါ။ ဒီရုပ်သံကြော်ငြာဟာ ဘရစ်ဂျစ်လို့အမည်ရတဲ့ မိန်းကလေးကို မိဘတွေက ခရစ္စမတ်လက်ဆောင်အဖြစ် Trampoline စပရင်ဖျင်ကို ကြိုမပြောဘဲ ၀ယ်ပေးခဲ့တဲ့အကြောင်းကို ခွေးကလေး ဘတ်စ်တာ (Buster) နဲ့အတူ ရိုက်ကူးပြသခဲ့တာပါ။ လက်ရှိမှာတော့ ဘတ်စ်တာရဲ့ပုံစံကို တုပပြီး အပြင်မှာ အမြင့်ခုန်စွမ်းရည်ပြသခဲ့တဲ့ ခွေးကလေး ဘတ်ဇ်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာပေါ်မှာ ကြည့်ရှုတဲ့အကြိမ်ရေ ၉ သန်းနီးပါး ရှိနေခဲ့ပါတယ်။ သူ့ရဲ့သခင်ဖြစ်သူ ဗစ်တိုးရီးယားမွန်ကတော့ ရုပ်သံအညွှန်းမှာ “ကျမရဲ့ ဘောက်စ်ကလေးကို ချစ်ရတဲ့ အကြောင်းရင်း” လို့ ခေါင်းစဉ်တပ်ကာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။
4 years Ago
Up