တီဗက်ဇ်

January 11, 2018

တိုက်စစ်မှူး တီဗက်ဇ် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့

အာဂျင်တီးနားကစားသမား တီဗက်ဇ်ဟာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ မွေးရပ်မြေက ဘိုကာဂျူနီယာအသင်းဆီ ပြန်လည်ပြောင်းရွှေ့သွားပါတယ်။ အသက် ၃၃ နှစ်ရှိ မန်ယူ၊ မန်စီးတီးနဲ့ ဂျူဗင်တပ် တိုက်စစ်မှူးဟောင်း တီဗက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်က ဘိုကာဂျူနီယာအသင်းကနေ ရှန်ဟိုင်းရှင်ဟွာအသင်းဆီကို ကမ္ဘာ့အများဆုံး လုပ်ခလစာနဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။ ရှန်ဟိုင်းအသင်းမှာ စုစုပေါင်း ပွဲ ၂၀ ကစား ၄ ဂိုးသွင်းယူခဲ့တဲ့ တီဗက်ဇ်ဟာ တရုတ်လိဂ်မှာ အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းဟောင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်လိဂ်မှာ ကစားရတာဟာ ဥရောပနဲ့ တောင်အမေရိကမှာလိုမဟုတ်ဘဲ ကွင်းတွင်းမှာ နည်းနစ်ပိုင်း အားနည်းမှုတွေရှိသလို ကွင်းပြင်ပမှာလည်း ပရိသတ်တွေရဲ့ ပြုမူဆက်ဆံပုံတွေက ကွဲပြားမှုတွေရှိတယ်လို့ တီဗက်ဇ်က ဆိုပါတယ်။
3 years Ago

December 29, 2016

တရုတ်ကလပ်သို့ ပြောင်းရွှေ့ခဲ့သည့် တီဗက်ဇ် ကမ္ဘာ့လုပ်ခအများဆုံး ကစားသမား ဖြစ်လာ

တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကို ပြောင်းရွှေ့သွားတဲ့ ကားလို့စ်တီဗက်ဇ်ဟာ တပတ်လုပ်ခ ပေါင် ၆ သိန်း ၁ သောင်း ၅ ထောင် ရရှိမှာဖြစ်လို့ ကမ္ဘာ့လုပ်ခအများဆုံး ကစားသမား ဖြစ်လာပါတယ်။ အသက် ၃၂ နှစ်ရှိ တီဗက်ဇ်ဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းကနေ ပြောင်းရွှေ့သွားတာဖြစ်ပြီး တပတ် ပေါင် ၄ သိန်းနဲ့ ကမ္ဘာ့လစာအများဆုံး ကစားသမား အော်စကာကို ကျော်ဖြတ်ပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘားလည်း ကစားနေပါတယ်။ တီဗက်ဇ်နဲ့ အော်စတာတို့ရဲ့နောက်မှာ တပတ်ကို ပေါင် ၃ သိန်း ၆ သောင်း ၅ ထောင်ရတဲ့ စီရော်နယ်ဒိုက တတိယ၊ တပတ်ကို ပေါင် ၃ သိန်း ၅ သောင်းရတဲ့ မက်ဆီ၊ တပတ်ကို ပေါင် ၃ သိန်း ၂ သောင်းရတဲ့ ဂါရတ်ဘေးလ်တို့က အစဉ်လိုက်ရပ်တည်နေပြီး လုပ်ခအများဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ ဟော့ခ်၊ နေမာ၊ ဆွာရက်ဇ်၊ ပေါ့ဘာ၊ ရွန်နီတို့လည်း ပါဝင်နေပါတယ်။
4 years Ago
Up