ချီလီနိုင်ငံက စွန့်ဦးတီထွင်သူတဦးက လေထဲကနေရေကို ထုတ်ယူနိုင်မယ့် စက်တမျိုးကို တီထွင်နေပါတယ်။
လေထုထဲကနေ ရေထုတ်ယူတဲ့နည်း အသုံးပြုထားတဲ့စက်ကနေ နိုင်ငံတွင်း အန်းဒီးစ်တောင်တန်း ကုန်းမြင့်ဒေသတွေကို ရေပေးနိုင်တော့မယ်လို့ ဆိုပါတယ်။
Freashwater လို့ နာမည်ပေးထားတဲ့ အဲဒီစက်ဟာ ပုံမှန်ရေမရတဲ့ ဒေသတွေအတွက် အိမ်တွင်းဖြစ်ဖြေရှင်းရေး နည်းလမ်းတခုဖြစ်ပါတယ်။
အန်းဒီးစ် (Andes) တောင်တန်းရဲ့ တောင်ကြောတွေကြောင့် ချီလီအစိုးရဟာ ဆင်ဖြေဖုံးဒေသ တစ်ချို့ကို ပိုက်လိုင်းတွေ ဆက်သွယ်ပြီး ရေပေးလို့ မရနိုင်တဲ့ ပြဿနာရှိနေပါတယ်။
Freshwater ဖန်တီးသူက သူ့ရဲ့စက်ဟာ အလွယ်တကူသယ်ဆောင်နိုင်တဲ့ သဘာဝအတိုင်း မြူနှင်းဖမ်းယူစနစ်ကို အသုံးပြုထားတယ်လို့ ပြောပါတယ်။
အဲဒီစက်က တိမ်တိုက်ငယ်တွေဖြစ်ပေါ်စေပြီး အဲဒီကနေ ရေဖြစ်စေပါတယ်။ အဲဒီနောက်မှာ ရလာတဲ့ရေက ရေစစ်တွေကို ဖြတ်ပြီး ရေပိုက်ခေါင်းကနေ အဆင်သင့် သောက်လို့ရတဲ့ ရေကို ထုတ်ပေးပါတယ်။
စက်ကို တီထွင်ဖန်တီးခဲ့တဲ့သူက Freshwater စက် မော်ဒယ်လ် အမျိုးမျိုးရှိပြီး ရေ ၃၀ လီတာလောက်ထိ သိုလှောင်ထားပေနိုင်တဲ့ စက်တွေအထိ ရှိတဲ့အပြင် ဆိုလာပြားတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် မီးမရတဲ့ ဒေသတွေအတွက်လည်း အဆင်ပြေတယ်လို့ ပြောပါတယ်။
ချီလီနိုင်ငံသားတို့ရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်မယ့် အလားအလာရှိနေတာကြောင့် အဲဒီစက် ဖန်တီးထုတ်လုပ်မှုကို စိတ်ဝင်စားမှုများနေပြီး အယ်လ်-ဆဗေဒေါ (El Salvador) နဲ့ ကိုလံဘီယာ နိုင်ငံတွေမှာ တပ်ဆင်မယ့် စီမံကိန်းတွေအတွက်လည်း မှာယူထားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ချီလီနိုင်ငံသား စွန့်ဦးတီထွင်သူက တကမ္ဘာလုံးအနှံ့ သူ့ရဲ့ ထုတ်ကုန်ကို ဖြန့်ဖို့ စီစဉ်နေပါတယ်။
လူအများစုပြီး ရန်ပုံငွေစိုက်ထုတ်ပေးတဲ့ အင်ဒီဂိုဂို website မှာ တကမ္ဘာလုံးက ရေအရှားဆုံး ဒေသတွေကို အဲဒီစက်ဖြန့်ချိနိုင်ဖို့ ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ်လာ ၅ သိန်းလိုတယ်လို့ အဆိုပြုလွှာတင်ထားပါတယ်။
6 years Ago