နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသားတွေရဲ့ ရှေ့ပြေးတီထွင်မှုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်ဟာ လက်တွေ့စမ်းသပ်ခဲ့ပါတယ်။
ကျောင်းသားတွေဟာ ခြေနင်းအပ်ချုပ်စက်ကို အသုံးပြုပြီး ညအချိန်မှာ စာကြည့်အလင်းရောင် ရရှိနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အားထုတ်စက်ကို ဖန်တီးတီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။
သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မျှဝေထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သံအမတ်ကြီးဟာ ကျောင်းသားတွေနဲ့အတူရှိနေပြီး စက်ကို စမ်းသပ်ကြည့်နေခဲ့တာကို တွေ့ရမှာပါ။
အဲဒီစက်ကို တီထွင်ဖို့ စိတ်ကူးရခဲ့တဲ့ ကျောင်းသားတွေကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီနဲ့ မဲခေါင်မြစ်အောက်ပိုင်း ဒေသဖွံ့ဖြိုးရေး ပဏာမခြေလှမ်း အစီအစဉ်တို့က အမေရိကန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ပံ့ပိုးပေးခဲ့ပြီး ဆုတွေ ရရှိထားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
3 years Ago