တီကိုနှင့် ချန်ပီယံလိဂ်ပွဲတွင် ဟာဇက်ကို အသုံးပြုရန် ချဲလ်ဆီးနည်းပြ ရည်ရွယ်ထား

September 27, 2017

တီကိုနှင့် ချန်ပီယံလိဂ်ပွဲတွင် ဟာဇက်ကို အသုံးပြုရန် ချဲလ်ဆီးနည်းပြ ရည်ရွယ်ထား

ချဲလ်ဆီးအသင်းနည်းပြ ကွန်တီဟာ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကိုနဲ့ပွဲမှာ အသင်းတိုက်စစ်မှူး အီဒင်ဟာဇက်ကို အသုံးပြုဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက် ခွဲစိတ်ကုသမှု ခံထားရပြီး ကာလရှည်ကြာ အနားယူနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် နည်းပြကွန်တီက ထည့်သွင်းကစားစေခဲ့ပါတယ်။ ဟာဇက်ဟာ ကာလရှည်ကြာ အနားယူနေရပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းဆုံး အခြေအနေကို ပြန်လည်ရရှိနေပြီး အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
4 years Ago
Up