တီကိုနည်းပြ

February 7, 2017

ဘာစီလိုနာကို အကောင်းဆုံးရင်ဆိုင်မည်ဟု တီကိုနည်းပြ ပြော

ဘာစီလိုနာအသင်းကို စွမ်းအားအပြည့်နဲ့ အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်သွားမယ်လို့ အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြက ပြောဆိုလိုက်ပါတယ်။ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့အသင်းတို့ဟာ ဒီညမှာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့ယှဉ်ပြိုင်ခဲ့တုန်းက အဝေးကွင်းမှာ ဘာကာက အက်သလက်တီကိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ တီကိုအသင်းနည်းပြ ဆီမြွန်နီကတော့ ဒီညရင်ဆိုင်ရမယ့်အသင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေထဲက တသင်းဖြစ်နေလို့ အသင်းလိုက်စုစည်းမှုနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ပွဲထွက်လူစာရင်းကိုတော့ ပြောဆိုသွားခြင်း မရှိပါဘူး။ အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှာ ဘာစီလိုနာကို အနိုင်ရခြင်း မရှိသေးပါဘူး။ ဒီညပွဲမှာ အက်သလက်တီကိုအနေနဲ့ ၂ ဂိုးနဲ့အထက် အနိုင်ရမှ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up