အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီဟာ အာဆင်နယ်နဲ့ပွဲမှာ နည်းစနစ် ပြောင်းလဲကစားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
အက်သလက်တီကိုအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးရွားနေပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တာပါ။
ခံစစ် ၃ ယောက် ထားကစားတဲ့ ကစားပုံဟာ အဆင်မပြေ ဖြစ်နေတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ကစားကွက်အသစ်နဲ့ ကစားဖို့ ဆီမြွန်နီက စဉ်းစားနေတာပါ။
အာဆင်နယ်နဲ့ပွဲမှာ အသုံးပြုမယ့် ကစားကွက်ဟာ အဲဒီနေ့ပွဲမတိုင်ခင်မှာ မိမိစိတ်ထဲမှာ ရှိနေတဲ့အတိုင်းသာ ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့ ဆီမြွန်နီက ဆိုပါတယ်။
ဒါ့အပြင် အာဆင်နယ်နဲ့ပွဲမှာ ၃ ယောက်တန်းခံစစ်ကို ဆက်ပြီး အသုံးပြုဖို့လည်း ဖြစ်နိုင်ပြီး ကစားသမားအားလုံးဟာလည်း ကြံ့ခိုင်မှု ပြည့်ဝနေမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆီမြွန်နီက အတည်ပြုပါတယ်။
အာဆင်နယ်နဲ့ အက်သလက်တီကိုအသင်းတို့ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
5 years Ago