တိုးမြှင့်ရန် ဆွေးနွေး

A d v e r t i s e m e n t With Us

January 26, 2017

ဗြိတိန်နှင့် မြန်မာလွှတ်တော် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး

ဗြိတိန်နိုင်ငံမှာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဇန်နဝါရီ ၂၄ ရက်က ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကောင်းနဲ့  အောက်လွှတ်တော်ဥက္ကဋ္ဌရုံး ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံလွှတ်တော်တွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်တွေရဲ့  ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့  ဥပဒေပြုရေးကိစ္စရပ်တွေ  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။ ဦးဝင်းမြင့် ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘာကောင်းရဲ့ဖိတ်ကြားချက်အရ ဇန်န၀ါရီ ၂၁ရက်နေ့ကတည်းက  ဗြိတိန်နိုင်ငံမှာ ရောက်နေတာဖြစ်ပြီး  လွှတ်တော်ရေးရာ ကော်မတီဝင်ဦးစော၊ ဦးဇော်ဝင်း၊ ဦးစိုင်းစန်သိန်း၊ ဒေါက်တာ ဒေါ်ရွှေပုံတို့လည်း လိုက်ပါသွားပါတယ်။ လွှတ်တော်အစည်းအဝေးတွေရပ်နားထားချိန်မှာ ခုလို ဗြိတိန်လွှတ်တော်ကို လေ့လာရေး ခရီးသွားရောက်နေတာဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေ ကတော့  ဒီလကုန် ဇန်န၀ါရီ ၃၀ ရက်မှ ပြန်စတင်ဖို့ရှိနေပါတယ်။
4 years Ago

November 26, 2016

ဗြိတိန်နှင့် ပါကစ္စတန် ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

ဗြိတိန်နဲ့ ပါကစ္စတန် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ကုန်သွယ်ရေး တိုးမြှင့်ဖို့ ဗြိတိန်အစိုးရရဲ့ အားထုတ်မှု အစိတ်အပိုင်းလည်း  ဖြစ်ပါတယ်။ ဗြိတိန်ဟာ ဥရောပ သမဂ္ဂ EUရဲ့ အဖွဲ့ဝင် အဖြစ်ကနေထွက်ဖို့ ဇွန်လက လူထုဆန္ဒ ခံယူပွဲမှာ ဆုံးဖြတ်အပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ကြိုးစား နေခဲ့တာပါ။ ဒါကြောင့် ဥရောပ အပြင်ဘက်က စီးပွားရေး အမြန်တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။ ဗြိတိန်နဲ့ ပါကစ္စတန်ကြား နှစ်စဉ် ကုန်သွယ်ရေးတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၁ ထက် ကျော်လွန်ဖို့ စီမံကိန်းတွေကို ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တယ်လို့ ဗြိတိန် ဝန်ကြီးက ပြောပါတယ်။ ပါကစ္စတန်ဟာ ၁၉၄၇ မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရခဲ့တာပါ။ ပါကစ္စတန် နိုင်ငံသား ၁သန်းကျော်ဟာ လတ်တလောမှာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပါတယ်။ နိုင်ငံတွင်း လုံခြုံရေး အခြေအနေ တိုးတက်လာတဲ့ ပါကစ္စတန်နိုင်ငံမှာ လတ်တလော နှစ်တွေအတွင်း စီးပွားရေး ပြန်ဦးမော့ လာခဲ့ပါတယ်။ ဒီနှစ်မှာ စီးပွားတိုးနှုန်း ၅ ရာခိုင်နှုန်း ကျော်မယ်လို့ ခန့်မှန်းထားပြီး ၂၀၀၈ တည်းက ခုထိ အမြင့်ဆုံး နှုန်းလည်း ဖြစ်ပါတယ်။
4 years Ago
Up