တိုးမြှင့်မည့် လက်မှတ်ဈေးနှုန်း လီဗာပူးပယ်ဖျက်

February 11, 2016

တိုးမြှင့်မည့် လက်မှတ်ဈေးနှုန်း လီဗာပူးပယ်ဖျက်

အငြင်းပွားနေတဲ့ လက်မှတ်ဈေး ပေါင် ၇၇ တိုးမြှင့်ဖို့ အစီအစဉ်ကို ပရီးမီးယားလိဂ် လီဗာပူး အသင်းက ပယ်ဖျက်လိုက်ပါတယ်။ အရင်တပတ်က လက်မှတ်ဈေးတိုးမြှင့်မယ့်ကြေညာချက်ဟာ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အတွက် တောင်းပန်တယ်လို့လည်း ကလပ်အသင်းပိုင်ရှင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ တပတ်က အန်ဖီလ်းမှာ ဆန်းဒါလန်း အသင်းနဲ့ ကစားစဉ်မှာ ထောင်ချီတဲ့ ပရိသတ်တွေက ပွဲချိန် ၇၇ မိနစ်မှာ လက်မှတ်ဈေးတိုးမြှင့်တာကို ဆန္ဒပြတဲ့ အနေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ကြပါတယ်။ ဒီအတွက် လီဗာပူးအသင်းရဲ့ လက်မှတ်ဈေးနှုန်းဟာ ပေါင် ၅၉ မှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
6 years Ago
Up