တိုးလှူမည်

September 28, 2020

WHO ကို ရန်ပုံငွေ ၃၀ ရာခိုင်နှုန်း တိုးလှူမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကတိပေး

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွက် ရန်ပုံငွေ ၃၀ ရာခိုင်နှုန်း တိုးလှူမယ်လို့ စက်တင်ဘာ ၂၆ ရက်မှာ ကတိပေးလိုက်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးဟာ ကုန်သွယ်ရေး အဟန့်အတားတွေကို တိုးစေတယ်လို့လည်း ကြိုတင်အသံသွင်းထားတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းအတွင်း ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။  အနာဂတ်ကူးစက်ကပ်ဘေးတွေအတွက် နိုင်ငံတကာရဲ့ တုံ့ပြန်မှု တိုးတက်စေဖို့ အချက် ၅ ချက်ပါတဲ့ စီမံကိန်းကိုလည်း တင်ပြခဲ့ပါတယ်။  ကမ္ဘာ့ကာကွယ်ဆေးမိတ်ဖက်အဖွဲ့ ကိုဗက်စ်ဆီကို  ကာကွယ်ဆေးဝယ်နိုင်ဖို့ ကနဦးအနေနဲ့ စတာလင်ပေါင် ၇၁ သန်းနဲ့ ပိုဆင်းရဲတဲ့ နိုင်ငံတွေကို ကာကွယ်ဆေးရနိုင်ရေး ကူညီဖို့ စတာ လင်ပေါင် သန်း ၅၀၀ ကို ဗြိတိန်ဝန်ကြီးချုပ်က ကတိပြုခဲ့တာပါ။  ဒါ့အပြင် WHO အတွက် ရန်ပုံငွေ သန်း ၃၄၀ ပေးမယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။  ဗြိတိန်ဟာ ပြင်သစ်၊ ဂျာမနီတို့နဲ့အတူ WHO ကို ကူညီထောက်ပံ့နေပြီး ကပ်ဘေးတုံ့ပြန်ပုံ အပေါ် ဝေဖန်မှုတွေလည်း ရင်ဆိုင်နေရပါတယ်။
8 months Ago
Up