တိုးမြှင့်လုပ်

April 1, 2020

COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးသွားစေရေး တိုးမြှင့်လုပ်ဆောင်ရန် WHO တိုက်တွန်း

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုဟာ မကြာခင် ရပ်တန့်သွားမှာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးသွားအောင်  တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တာဝန်ရှိသူတစ်ဦးက မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။ အနောက်ပစိဖိတ်ဆိုင်ရာ  WHO ရဲ့ ဒေသတွင်း ညွှန်မှူး တာကဲရှီကာဇိုင်းက “အခုချိန်အထိ COVID-19 ကို ကုသနိုင်တဲ့ ဆေးဝါး  ကာကွယ်ဆေး မရနိုင်သေးဘူး”လို့ ဗွီဒီယိုက တဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  အခုချိန်မှာ ကာကွယ်ဆေး စမ်းသပ်မှုတွေကို ကုမ္ပဏီ အများအပြား စလုပ်နေပြီ ဖြစ်ပေမယ့် လူအများ သုံးစွဲဖို့ မရနိုင်သေးဘူးလို့ သူက ပြောခဲ့ပါတယ်။  အခုဆိုရင် ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ  ၇၇၀,၀၀၀ ကျော်လာပြီး သေဆုံးသူ ၃၇,၀၀၀ ကျော်သွားပါပြီ။  သေဆုံးသူ အများဆုံးနိုင်ငံတွေက  အီတလီ၊ စပိန်၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်၊ အီရန်နဲ့ ဗြိတိန် တို့ဖြစ်ကြပါတယ်။ 
2 years Ago
Up