တိုးမြှင့်ဆောင်ရွက်

A d v e r t i s e m e n t With Us

May 1, 2020

စက်ရုံ၊ အလုပ်ရုံများစစ်ဆေးမှုကို  မေလ ၁၅ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်

စက်ရုံ၊ အလုပ်ရုံနဲ့အလုပ်ဌာနတွေအနေနဲ့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်၊ အကြံပြုချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်မှုရှိမရှိ စစ်ဆေးဆောင်ရွက်မယ့် ရက်ကို မေလ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ COVID -19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် စက်ရုံ၊ အလုပ်ရုံနဲ့အလုပ်ဌာနတွေကို သတ်မှတ်ချက်နဲ့အညီ လိုက်နာဆောင်ရွက်မှု ရှိမရှိ မူလက ဧပြီ ၂၀ ကနေ ၃၀ ရက်နေ့အထိပဲစစ်ဆေးပေးဖို့ သတ်မှတ်ခဲ့ရာကနေ နောက်ထပ် ၁၅ ရက် ထပ်တိုးလိုက်တာပါ။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်တွေ၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဦးဆောင်ပြီးတော့ စက်ရုံ၊ အလုပ်ရုံနဲ့အလုပ်ဌာနတွေကို စစ်ဆေးဆောင်ရွက်နေတာပါ။ စစ်ဆေးရေးအဖွဲ့ရဲ့စစ်ဆေးမှုကိုခံယူပြီးမှ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အလုပ်ဌာနတွေက ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံနဲ့အ လုပ်ဌာနတွေအနေနဲ့ သတ်မှတ်ကာလအတွင်း အမြန်ဆုံးစစ်ဆေးမှုခံယူဖို့  အကြောင်းကြားရမှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလတွင်း အကြောင်းကြားမှု မရှိ၊ စစ်ဆေးခံနိုင်မှုမရှိခဲ့ရင် လူမှုဖူလုံရေး ထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့်တွေလည်း ရရှိခံစားနိုင်မှာမဟုတ်ဘူးလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဝန်ကြီးက ဧပြီ ၃၀ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။ စိုးချစ်ပိုင်
10 months Ago
Up