တိုးမြှင့်

January 16, 2023

ရုရှား တပ်သားသစ် အသက်ကန့်သတ်ချက် တိုးမြှင့်ဖွယ်ရှိ

ရုရှားစစ်သည်အင်အားကို ၃၀ ရာခိုင်နှုန်းတိုးဖို့ အစိုးရရဲ့ အစီအစဉ် တစိတ်တပိုင်း အနေနဲ့ ဒီနှစ်နွေဦးကစပြီး စစ်သားစုဆောင်းမယ့် နိုင်ငံသားတွေရဲ့ အသက်အပိုင်းအခြား ကန့်သတ်ချက်ကို တိုးမြှင့်နိုင်တယ်လို့ ဝါရင့်လွှတ်တော်အမတ် တယောက်က ပြောပါတယ်။

ရုရှားနိုင်ငံသားတွေအတွက် စစ်မှုမထမ်းမနေရ ကန့်သတ်ချက်အတွက် အသက်အပိုင်းအခြားကို လက်ရှိ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အစား အသက် ၂၁ နှစ်ကနေ ၃၀ ကြားထားရှိ မြှင့်တင်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်တွေကို ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ဒီဇင်ဘာလတုန်းက ကျောထောက်နောက်ခံပေးခဲ့ပါတယ်။

ဒါပေမဲ့ အသွင်ကူးပြောင်းရေး ကာလ တနှစ်ကနေ ၃ နှစ်အတွင်း ကန့်သတ်ချက်ကို ပြင်ဆင်မှာ ဖြစ်တယ်လို့ ရုရှားလွှတ်တော် ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ အန်ဒရေ ကာတာပိုလာ့ဗ်က လွှတ်တော်ရဲ့ တရားဝင်သတင်းစာနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ယူကရိန်းမှာ အကြီးအကျယ် ဆုံးရှုံးခဲ့တဲ့အတွက် စစ်သည်အင်အား အ​ကြီးအကျယ် လျော့နည်းပြတ်လပ်နေတာကို အားဖြည့်ဖို့ စစ်သားစုဆောင်းနိုင်မယ့် ရုရှားနိုင်ငံသား ဦးရေကို တိုးမြှင့်ဖို့ အာဏာပိုင်တွေက သိသိသာသာ ကြိုးစားနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

2 months Ago

June 28, 2022

စစ်တက္ကသိုလ်ဝင်ခွင့် အသက်ကန့်သတ်ချက် တိုးမြှင့်

စစ်တက္ကသိုလ်တွေရဲ့ ဗိုလ်လောင်းဝင်ခွင့်တွေအတွက် အသက်ကန့်သတ်ချက်ကို ထပ်တိုးပေးလိုက်တယ်လို့  စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ သတင်းစဉ်မှာ ဒီကနေ့ ဇွန် ၂၈ ရက်က ဖော်ပြပါတယ်။

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နဲ့ တပ်မတော် ဆေးတက္ကသိုလ် (အမျိုးသမီး)ဗိုလ်လောင်းဝင်ခွင့်တွေကို မိဘပြည်သူတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြင်ဆင်တိုးပေးတာလို့လည်း ဖော်ပြထားပါတယ်။

ဒီတက္ကသိုလ်ဝင်ခွင့်အတွက် အသက်သတ်မှတ်ချက်အနေနဲ့ အရင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၆ နှစ်ထက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရလို့ သတ်မှတ်ထားခဲ့ပြီး အခုပြင်ဆင်လိုက်တာက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၈ နှစ် ၆ လထက် မကြီးရလို့ အသတ်ကန့်သတ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းအောင်တဲ့သူတွေကိုခေါ်ယူနေတာဖြစ်လို့ ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားပြီး အောင်မြင်သူကျောင်းသားတွေရဲ့ အသက်ကြီးနေတာကြောင့်အခုလို လုပ်ဆောင်တာလို့ မြင်သူတွေလည်းရှိသလို လျှောက်ထားသူနည်းပါးလို့ အသက်ကန့်သတ်ချက်ကို ဖြေလျှော့လိုက်တာလို့ မြင်သူတွေလည်းရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း ဗိုလ်လောင်းလျှောက်လွှာတွေခေါ်ယူရာမှာ လျှောက်ထားသူနည်းလို့ သတ်မှတ်နောက်ဆုံးရက်ကို  ၂ ကြိမ်ပြင်ဆင် နောက်ဆုတ်ခဲ့ရပါသေးတယ်။

စစ်တပ်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးချိန်မှာ နိုင်ငံပိုင်သတင်းစာတွေမှာ မျက်နှာပြည့်ကြော်ငြာတွေထည့်ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတက်ဖို့ ခေါ်ယူလေ့ရှိတာပါ။

ဒီနှစ်အတွက်မှာတော့ လျှောက်လွှာတွေကို လာမယ့် ဩဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာထုတ်ယူခဲ့တဲ့ တိုင်းစစ်ဌာနချုပ်တွေဆီကို ပြန်ပေးရမှာဖြစ်ပါတယ်။

Photo-DSINFO

9 months Ago
More News
Up