တိုးတက်

A d v e r t i s e m e n t With Us

August 29, 2020

ရုရှားအတိုက်အခံခေါင်းဆောင်၏ကျန်းမာရေး တိုးတက်လာ

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗန်ညီဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိ တော့ဘဲ အခြေအနေတိုးတက်လာတယ်လို့ ပြောခွင့်ရအမျိုးသမီးက သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။  အသက် ၄၄ နှစ်အရွယ် နာဗန်ညီဟာ  သြဂုတ် ၂၀ ရက်က ဆိုက်ဘေးရီးယား တွမ့်စ်မြို့ ကနေ မော်စကိုမြို့ကိုသွားတဲ့ လေယာဉ်ပေါ်မှာ လဲကျသွားခဲ့ပါတယ်။   အဲဒီနောက် သြဂုတ် ၂၂ ရက်မှာတော့ သူ့ကို ဆိုက်ဘေးရီးယား အွမ့်စ်ဆေးရုံကနေ ဂျာမနီ ဘာလင်ဆေးရုံဆီ လေယာဉ်နဲ့ ခေါ်ဆောင်လာခဲ့တာပါ။ နာဗန်ညီဟာ အခု ဘာလင်ဆေးရုံမှာ  ရှိနေပါတယ်။     ဂျာမနီ၊ အမေရိကန်နဲ့ တခြားအင်အားကြီးနိုင်ငံတွေက နာဗန်ညီ အခုလို ဖြစ်ရတဲ့အခြေ အနေတွေကို စုံစမ်းဖို့ တောင်းဆိုတာတွေကို ရုရှားအစိုးရက အာခံနေပါတယ်။   နာဗန်ညီ အဆိပ်ခတ်ခံရတာကို အတည်ပြုမချင်း စုံစမ်းစရာ အကြောင်းမရှိဘူးလို့ ရုရှား အစိုးရက ပြောပါတယ်။ 
6 months Ago

July 31, 2020

မြောက်ကိုရီးယားစီးပွားရေး ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် တိုးတက်လာ

မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ ၃ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်မှာ တိုးတက်ကြီးပွားလာတယ်လို့ တောင်ကိုရီးယားဗဟိုဘဏ်က ဇူလိုင် ၃၁ ရက်မှာ ပြောကြားပါတယ်။ ပိုကောင်းလာတဲ့ ရာသီဥတုကြောင့် ကောက်ပဲသီးနှံ အထွက်တိုးပေမဲ့ နျူကလီးယား ရည်မှန်းချက်ကို တားဆီးဖို့ ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကြောင့်  စက်မှုထုတ်ကုန် အားနည်းနေဆဲ ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။  မနှစ်က မြောက်ကိုရီးယားရဲ့ ဂျီဒီပီဟာ အရင်နှစ်ကထက် ၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့  ကိုရီးယားဘဏ် (BOK) က ဆိုပါတယ်။  ဒုံးကျည်ပစ်လွှတ်မှုနဲ့ နျူလက်နက်အစီအစဉ်ကြောင့်  မြောက်ကိုရီးယားဟာ  ၂၀၀၆ ခု ကတည်းက  ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်တာတွေကို ခံနေရပါတယ်။   မကြာသေးခင် နှစ်တွေကလည်း  ကုလလုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ အစီအမံတွေ ချမှတ်နေပါတယ်။  နိုင်ငံကို နျူလက်နက် တိုးတက်မှုကနေ စီးပွားရေး တိုးတက်မှုဘက် ပြောင်းလဲမယ်လို့ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၂၀၁၈ မှာ ကတိပြုပြောကြားခဲ့တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
7 months Ago
More News
Up