ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မေလဆန်းပိုင်းမှာ ကျင်းပပြုလုပ်မယ့် တိုကျို ယူ-၁၄ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသားလူငယ်ဂိုးသမား ၂ ယောက် ရွေးချယ်ခံရကာ ၀င်ရောက်ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။
မြန်မာ့တင်းနစ် ချန်ပီယံဟောင်း ဦးသက်လွင်ရဲ့သား မောင်သက်ရင်မျိုးက တိုကျို လက်ရွေးစင် အသင်းကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာဘော်လီဘော လက်ရွေးစင်ဟောင်း ဦးမြတ်သူရဲ့သား မောင်ကောင်းဇံမရက Tokyo Verdy ကလပ်အသင်းကနေ အရွေးခံရကာ ၀င်ရောက်ယှဉ်ပြိုင် လက်စွမ်းပြကြရမှာဖြစ်ပါတယ်။
မောင်သက်ရင်မျိုးနဲ့ မောင်ကောင်းဇံမရတို့ဟာ ၂၀၁၄ ခုနှစ်ကလည်း ဂျာမနီ U-12 နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ကြပါသေးတယ်။
5 years Ago