တိုနီကိုမင်

January 14, 2020

ကာတာလန် ခွဲထွက်ရေးလှုပ်ရှားသူ ၂ ဦး အီးယူပါလီမန် အစည်းအဝေး တက်ရောက် 

ကိုယ်တိုင် ပြည်ပြေးဘဝ ခံယူထားတဲ့ ကာတာလန် ခွဲထွက်ရေးလှုပ်ရှားသူ ကားလက်စ်ပူအီဒယ်မုန်းနဲ့ တိုနီကိုမင်တို့ဟာ ဇန်နဝါရီ ၁၃ ရက်က ဥရောပပါလီမန်မှာ  ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ စပိန်အစိုးရက သူတို့ကို ဖမ်းဆီးဖို့ ထပ်မံအမိန့်ထုတ်ပြန်ပြီးနောက်မှာ သူတို့က ကာတာလန် ခွဲထွက်ရေးကို ဥရောပအစီအစဉ်မှာ ထည့်သွင်းဖို့ ကြိုးပမ်းသွားမယ်ဆိုပြီး ကတိပြုလိုက်ပါတယ်။ ဘယ်လ်ဂျီယံမှာ ပြည်ပြေးနေထိုင်တဲ့ သူတို့နှစ်ဦးကို ကာတာလန် ခွဲထွက်ရေးလှုပ်ရှားမှုမှာ ပါဝင်မှုနဲ့  စပိန်အစိုးရက အလိုရှိနေတာပါ။  ၂၀၁၉ မေလတုန်းက  သူတို့နှစ်ဦးကို ဥရောပပါလီမန်မှာ  ရွေးကောက်တင်မြှောက်ခဲ့ပေမယ့် စပိန်မှာ အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် သူတို့ဟာ  အသိအမှတ်ပြုလွှာကို သွားမယူနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လက ဥရောပသမဂ္ဂရဲ့ တရားရုံးက နောက်ခွဲထွက်ရေး ခေါင်းဆောင် အော်ရီယိုယွန်ကဲလက်စ်ကို  ဥရောပပါလီမန်အမတ်အဖြစ် ရွေးကောက်ခဲ့ပါတယ်။ ဒါ့ကြောင့် ယွန်ကဲလက်စ်ဟာ တရားစွဲဆို ဖမ်းဆီးမှုကနေ ကင်းလွတ်ခွင့်ရရှိပါတယ်။ ယွန်ကဲလက်စ်ဟာ လက်ရှိ စပိန်မှာ ရှိနေပြီး ကာတာလန် ခွဲထွက်ရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရပါတယ်။ စပိန်တရားရုံးချုပ်က  ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ ဥရောပပါလီမန်အမတ်အဖြစ် ရရှိထားတဲ့ ကင်းလွတ်ခွင့်ကို တားမြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆုံးဖြတ်ခဲ့ပြီးနောက် ဥရောပပါလီမန်ဟာ  ယွန်ကဲလက်စ်ရဲ့ အခွင့်အာဏာကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၁၃ ရက် ဥရောပပါလီမန် အစည်းအဝေးမှာ ကားလက်စ်ပူအီဒယ်မုန်းနဲ့ တိုနီကိုမင်တို့က ယွန်ကဲလက်စ် ဓာတ်ပုံကို ကိုင်မြှောက်ပြီး သူ့ကို  ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
1 year Ago
Up