ဖမ်းဆီးထိန်းသိမ်းထားတဲ့ မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးနဲ့ တိုင်းဥပဒေချုပ်တို့ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ခံဝန်နဲ့ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့ ဝန်ကြီးယောက်ကို ၃ ယောက်နဲ့ တိုင်းဥပဒေချုပ်တို့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လွှတ်လိုက်တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။
အဲဒီ ခံဝန်ကတိထဲမှာ CDM အားမပေးရ၊ ကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းမပြုရ၊ စစ်ကောင်စီ၏ တည်ဆဲဥပဒေများကို လိုက်နာရမည် စတဲ့အချက် ၃ ချက်အား ခံဝန်ကတိ လက်မှတ်ရေးထိုးတာကြောင့် ပြန်လွှတ်ပေးတာလို့ သိရပါတယ်။
ခံဝန်ကတိမှာ လက်မှတ်ရေးထိုးပြီး ပြန်လွတ်လာတဲ့ မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေကတော့ လယ်/ဆည်ဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တိုင်းဒေသကြီး ဥပဒေချုပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ခံဝန်ကတိ လက်မှတ်ထိုးတဲ့အပေါ် ဒေသခန့်ပြည်သူတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချနေကြပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
မကွေးမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် လူဦးရေ သိန်းနဲ့ချီ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။
တက္ကသိုလ်ကျောင်းသားတွေ သမဂ္ဂတပ်ပေါင်းစု၊ အင်ဂျင်နီယာသပိတ်စစ်ကြောင်း၊ ဗ မာ့နွေဦးတော်လှန်ရေး၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဆည်မြောင်းဌာနအပါအဝင် ဌာနအသီးသီက ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူ သိန်းနဲ့ချီပြီး ဆန္ဒပြနေကြတာပါ။
မကွေးတက္ကသိုလ်ရှေ့မှာတော့ ကျောင်းသားလူငယ်တွေနဲ့ပြည်သူတွေ ထိုင်သပိတ်ပြုလုပ်နေကြပြီး စေတနာရှင်အလှူရှင်တွေက မြန့်မာ့ရိုးရာအစားစာတစ်ခုဖြစ်တဲ့ ထမင်းနဲ နဲ့ စားသောက်ဖွယ်ရာတွေ၊ အချိုရည်နဲ့ သောက်ရေသန့်တွေ ဝေငှလှူဒါန်းခဲ့ကြပါတယ်။
သတင်း-မင်းထီး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုကာ မုံရွာအကျည်းထောင်ကို ပို့တယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က တရားလိုပြုလုပ်တရားစွဲဆိုတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက သတင်းတွေ ထွက်ပေါ်နေတာပါ။
ဝန်ကြီးချုပ်ကိုတော့ ပထမအကြိမ်ဖမ်းဆီးလို့ ပြန်လွှတ်ပြီး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရစဉ် ပြည်သူတွေကို လူမှုကွန်ရက်စာမျက်နှာကတဆင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြဖို့၊ ပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ပြောဆိုခဲ့တာကြောင့် တရားစွဲတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ဥပဒေချုပ်ကိုတော့ အစိုးရသစ်မဖွဲ့ခင်အချိန်ကြားကာလအတွင်း တိုင်းအစိုးရလက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းအားလုံးက ဝန်ထမ်းတွေကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အစိုးရအဖွဲ့ကိုယ်စား ထုတ်ပြန်တာကြောင့်ဖြစ်နိုင်တယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဆိုပါ ပြောဆိုချက်နဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေဆီကနေ အတည်ပြုချက်မရရှိသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တက်ကြွလှုပ်ရှားသူ တချို့ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာတွေ ရှိနေပါသေးတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒုဥက္ကဋ္ဌ ဦးဘိုးသန့်ညွန့်နဲ့ အစိုးရအဖွဲ့ဝင်တွေ အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ပါတီအတွင်းရေးမှူးတို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးထားတာ သီတင်း ၃ ပတ်ပြည့်တော့မှာဖြစ်ပါတယ်။