ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ တိုင်းအစိုးနဲ့မြို့နယ်တွင်း အလှူရှင်တွေ စုပေါင်းပြီး facility quarantine center တွေမှာ COVID-19 ကာကွယ်ရေးပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းတာတွေ ပြုလုပ်နေပါတယ်။
အင်္ဂပူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က "မနေ့ (မေ ၉ ရက်) က စလှူနေတာပါ။ PPE ဝတ်စုံ၊ Mask၊ လက်အိပ်၊ လက်သန့်ဆေးရည်တွေကို အဓိကထားပြီး ထောက်ပံ့နေတာပါ။ နောက်ပိုင်းမှာ စားသောက်ကုန်အချို့လည်း ထောက်ပံ့ဖို့ စီစဉ်နေပါတယ်”လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ facility quarantine center ပေါင်း ၅ ခုရှိပြီး လူဦးရေ ၄၀၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေတာပါ။
facility quarantine center က လူတွေရဲ့ စားသောက်ရေးတွေအတွက်ကတော့ ဒေသတွင်း အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုနဲ့ ရပ်တည်နေကြရတာပါ။
လှူဒါန်းတဲ့ပစ္စည်းတွေကတော့ PPE ဝတ်စုံ ၁၀၀၊ Mask ၇၀၀ ကျော်၊ Hand gel ၆၀ ဘူး၊ လက်အိတ် ၅၀၀ ကျော်၊ လက်သန့်ဆေးရေ ၁၄၀ ဘူး ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဌာနဆိုင်ရာတွေနဲ့ အလှူရှင်တွေ စုပေါင်းလှူဒါန်းကြတာ ဖြစ်ပါတယ်။
11 months Ago