တိုင်းရင်းသားလူမျိုးစု

November 12, 2020

အနာဂတ်၌ တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒ အလေးထားလုပ်မည်ဟု အန်အယ်လ်ဒီ ကတိပြု

တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေဟာ အဖွဲ့ချုပ် ရည်မှန်းချက်တွေနဲ့ တူညီတာကြောင့် နောက်လာမယ့် အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က "နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" နဲ့ ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ပါတီကို ဒီနေ့ညနေ စာပေးပို့ ပြောကြားလိုက်တာပါ။ တိုင်းရင်းသားပါတီတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မိမိတို့ ပြည်နယ်အသီးသီးမှာ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြတာကို သတိမူမိပြီး အချို့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီအချို့ ကျေနပ်ဖွယ် ရလဒ်ရခဲ့ကြပေမဲ့ တချို့ပါတီတွေက ရည်မှန်းချက်အတိုင်း မဖြစ်လာကြဘူးလို့ ဆိုပါတယ်။ ဘယ်လိုအခြေအနေ ရောက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၁။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂။ ကယန်းအမျိုးသားပါတီ ၃။ ကရင်ပြည်သူ့ပါတီ ၄။ တအာင်း(ပလောင်) အမျိုးသားပါတီ ၅။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၆။ ဖလုံ -  စဝေါ် ဒီမိုကရက်တစ်ပါတီ ၇။ ကမန်အမျိုးသား တိုးတက်ရေးပါတီ ၈။ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ၉။ မြိုတိုင်းရင်းသားပါတီ ၁၀။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေ;ပါတီ ၁၁။ အရှိုချင်းအမျိုးသားပါတီ ၁၂။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၁၃။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ၁၄။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၅။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ၁၆။ ကချင်အမျိုးသားကွန်ဂရက်ပါတီ ၁၇။ ထားဝယ်တိုင်းရင်းသားများပါတီ ၁၈။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  (ပ.အ.မ.ဖ)ပါတီ ၁၉။ ရခိုင်အမျိုးသားပါတီ ၂၀။ ခူမီး(ခမီး)အမျိုးသားပါတီ ၂၁။ ကရင်အမျိုးသား ပါတီ ၂၂။ မြိုအမျိုးသားဒီမိုကရေစီပါတီ ၂၃။ ဓနုအမျိုးသားများအဖွဲ့ချုပ် ပါတီ ၂၄။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP)] ၂၅။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ၂၆။ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ၂၇။ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ ၂၈။ အမျိုးသမီးပါတီ (မွန်) ၂၉။ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ ၃၀။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၃၁။ ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party(AFP)] ၃၂။ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People`s Party(KSPP)] ၃၃။ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(Chin National League For Democracy Party) ၃၄။ မွန်ညီညွတ်ရေးပါတီ (Mon Unity Party) ၃၅။ ချင်းတိုင်းရင်းသားများပါတီ [Chin National Party (CNP) ၃၆။ ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P (Kachin) ၃၇။ နာဂအမျိုးသားပါတီ [Naga National Party (NNP) ၃၈။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) ၃၉။ ကချင်အမျိုးသားပါတီ (Kachin National Party)
5 months Ago

May 8, 2020

အမေဇုန်မိုးသစ်တောတွင်း နေသူများကို ကိုရိုနာကူးစက်မှုမှ ကာကွယ်ကူညီပေးရန် တောင်းဆို

အမေဇုန်တောတွင်း နိုင်ငံ ၉ နိုင်ငံက တိုင်းရင်းသားလူမျိုးစုဝင်တွေဟာ မိုးသစ်တောတွင်း နေထိုင်ကြသူ အယောက် ၃ သန်းကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ ကာကွယ်ရာမှာ ကူညီပေးဖို့ မေ ၆ ရက်က တောင်းဆိုလိုက်ကြပါတယ်။ သူတို့မှာ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီမှု ကင်းမဲ့နေတယ်လို့ ပြောပါတယ်။ ဒေသန္တရ အစိုးရတွေက ကူးစက်ကပ်ဘေး ထိန်းချုပ်ရေး နဲ့ တိုင်းရင်းသားတွေအတွက် စားစရာ ဆေးဝါးနဲ့ မျက်နှာဖုံးလို အခြေခံကာကွယ်ရေး ပစ္စည်းကိရိယာတွေကို ဝယ်ယူရေး ရန်ပုံငွေရှာဖို့ စီမံကိန်းတွေထဲမှာ တိုင်းရင်းသားတွေရဲ့ လိုအပ်မှုကို ထည့်စဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။ အမေဇုန်အရေးပေါ် ရန်ပုံငွေဟာ လာမယ့် သီတင်းပတ် ၂ ပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ သန်း နဲ့ ရက် ၆၀ အတွင်း အမေရိကန်ဒေါ်လာ ၅ သန်း မြှင့်တင်ဖို့ ရည်မှန်းထားတာလို့ အမေဇုန် မြစ်ဝှမ်းတိုင်းရင်းသားများ ညှိနှိုင်းရေး ဖောင်ဒေးရှင်း (COICA) ရဲ့ စီမံရေးမှူးတွေက ပြောပါတယ်။  အမေဇုန်မြစ်ဝှမ်းမှာ တလအတွင်း တိုင်းရင်းသားလူမျိုးစု ၆၀၀ ထဲက ၁၈၀ ကို ကူးစက်ခဲ့ပြီး ၃၃ ယောက် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေဟာ အမေဇုန်မိုးသစ်တောတွေကို ထိန်းသိမ်း စောင့်ရှောက်သူတွေ ဖြစ်လို့ သူတို့ရှင်သန်ရေးဟာ ကမ္ဘာပေါ်က သက်ရှိတွေကို ထိန်းသိမ်းရာမှာ အရေးပါတယ်လို့ ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ညွှန်မှူး ဆူဇန်နီ ပဲလေတီယာက ပြောခဲ့ပါတယ်။ 
11 months Ago
Up