တိုင်းမ်မဂ္ဂဇင်း ဝေဖန်

October 10, 2020

ကိုဗစ်-၁၉ တုံ့ပြန်မှုတွင် ညံ့ဖျင်းကြောင်း အိမ်ဖြူတော်ကို တိုင်းမ်မဂ္ဂဇင်း ဝေဖန်

ကိုဗစ်-၁၉ တုံ့ပြန်ရာမှာ ညံ့ဖျင်းတဲ့အတွက် အိမ်ဖြူတော်ကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။  အောက်တိုဘာ ၉ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းမျက်နှာဖုံးမှာ အိမ်ဖြူတော် မီးခိုးခေါင်းတိုင် ၄- ခုကနေ များပြားလှတဲ့ အနီရောင်ဗိုင်းရပ်စ်တွေ တလိပ်လိပ် ထွက်နေပုံကို သရုပ်ဖော်ဆွဲထား ပါတယ်။  မဂ္ဂဇင်းရဲ့တွစ်တာစာမျက်နှာမှာလည်း တိုင်းမ်ရဲ့ မျက်နှာဖုံးအသစ် ပထမဆုံး ရောဂါသယ်ဆောင်သူနဲ့ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။  ထရမ့်အစိုးရရဲ့ ဗိုင်းရပ်စ်တုံ့ပြန်ရေးကို တိုင်းမ်မဂ္ဂဇင်းဝေဖန်တာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။  စက်တင်ဘာ ၁၀ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာလည်း ဂျွန်ဟော့ကင်း တက္ကသိုလ် အချက်အလက်တွေကို ကိုးကားပြီး အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သိန်း ဆိုတာကို လက်ရေးနဲ့ ဖော်ပြခဲ့ဖူးပါတယ်။  အလားတူ သြဂုတ် ၆ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပင်လယ်မှာ ဒေါ်နယ်ထရမ့် လက်ပစ်ကူးနေပုံကို သရုပ်ဖော်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
7 months Ago
Up