တိုင်းနှင့် ပြည်နယ်

A d v e r t i s e m e n t With Us

January 15, 2020

တိုင်းနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲများ ကျင်းပ

တိုင်းဒေသကြီးနဲ့ ပြည်နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွေကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ  ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ နေ့စဉ် ကျင်းပနေပါတယ်။ မနေ့ကတော့ ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ၊ သံလုံး၊ သံပြားဝိုင်းနဲ့ လှံတံပစ် ပြိုင်ပွဲတွေ၊ တန်းကျော်ပြေးပွဲ ၊ တန်းမြင့်ခုန် ၊ တုတ်ထောက်ခုန်နဲ့ အလျားခုန်ပြိုင်ပွဲ၊ လက်ဆင့်ကမ်း ပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး အနိုင်ရသူတွေကို ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြေးခုန်ပစ် အားကစားအဆင့်အတန်းဟာ အလွန်အမင်း ကျဆင်းနေကာ ဆီးဂိမ်းစ်ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ မရတာ ကြာနေပြီဖြစ်ပြီး အောင်မြင်မှုနဲ့ ဝေးနေတာဖြစ်ပါတယ်။  ဓာတ်ပုံ- လူထုပညာ အားကာ
1 year Ago
Up