အင်္ဂလန်အသင်းနဲ့ပွဲဟာ နှစ်သင်းစလုံးအတွက် အနိုင်ရလဒ် မဖြစ်မနေ အနိုင်ယူရမယ့်ပွဲ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တိုင်လီမန်စ်က ပြောပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ နိုဝင်ဘာ ၁၆ ရက် မနက်မှာ အင်္ဂလန်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ နှစ်သင်းစလုံး နိုင်ပွဲလိုအပ်နေတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ လက်စတာ ကွင်းလယ်လူ တိုင်လီမန်စ်က ပြောပါတယ်။
အင်္ဂလန်နဲ့ ပွဲရလဒ်အပေါ်မူတည်ပြီး ဒိန်းမတ်နဲ့ ကစားရမှာဖြစ်လို့ နောက်ဆုံးပွဲစဉ်ဟာလည်း အရေးကြီးတယ်လို့ တိုင်လီမန်စ်က ပြောပါတယ်။
နေးရှင်းလိဂ် အုပ်စု A မှာ ဘယ်လ်ဂျီယံက ၄ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲ ရှုံး၊ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
အင်္ဂလန်က ၄ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၇ မှတ်နဲ့ ဒိန်းမတ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
2 years Ago