တိုင်ပေရုပ်ရှင်ပွဲ

A d v e r t i s e m e n t With Us

June 15, 2020

တိုင်ပေရုပ်ရှင်ပွဲတော် ကြိုတင်လက်မှတ်များ ၁ နာရီအတွင်း အားလုံးရောင်းထွက်ခဲ့

၂၀၂၀ ပြည့်နှစ် တိုင်ပေရုပ်ရှင်ပွဲတော် ကြိုတင်လက်မှတ်တွေဟာ အချိန် ၁ နာရီအတွင်းမှာပဲ အားလုံးရောင်းထွက်သွားခဲ့တယ်လို့ ချိုင်းနားပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဇွန်လ ၆ ရက်နေ့ကနေ ဇူလိုင် ၁၁ ရက်နေ့အထိ အချိန် ၅ ပတ်ကြာ ကျင်းပသွားမယ့် ဒီရုပ်ရှင်ပွဲတော်ကို တိုင်ပေအစိုးရနဲ့ ယဉ်ကျေးမှုဖောင်ဒေးရှင်းကနေ ၁၉၉၈ ခုနှစ်ကတည်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၂ နှစ်သက်တမ်း ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြသမယ့်ပွဲစဉ်ပေါင်း ၁၉ ပွဲရဲ့ ကြိုတင်လက်မှတ်ရောင်းချရတဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ကထက် ပိုမိုကျော်လွန်ခဲ့တယ်လို့ ပွဲစီစဉ်ကျင်းပသူတွေက ပြောပါတယ်။ ပွဲတော်မှာ ပထမဆုံးပြသမယ့် အဖွင့်ရုပ်ရှင်ကား “The Silent Forest” (無聲)နဲ့ အပိတ်ရုပ်ရှင်ကား “Days” (日子) တို့ရဲ့ ကြိုတင်လက်မှတ်တွေကတော့ အချိန် မိနစ် ၂၀ အတွင်းမှာပဲ ရောင်းထွက်သွားခဲ့တာပါ။ နာရီဝက်အတွင်း လက်မှတ်ရောင်းကုန်သွားခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာတော့ “A Choo” (打噴嚏)၊ “Get the Hell Out” (逃出立法院)၊ “WeirDo” (怪胎)၊ “Your Name Engraved Herein” (刻在你心底的名字)နဲ့ “Dear Tenant” (親愛的房客) ရုပ်ရှင်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ ပြသမယ့် “The Silent Forest” (無聲)ရုပ်ရှင်ကတော့ လျှို့ဝှက်သည်းဖို ရုပ်ရှင်ကားတကားဖြစ်ပြီး ထိတ်လန့်စရာကောင်းနဲ့ ကျောင်းနဲ့ ဝန်းကျင်မှာ လျှို့ ဝှက်တဲ့ဂိမ်းတခုကို ဆော့ခဲ့ကြတဲ့ ကျောင်းသားတွေကို ဗဟိုပြုပြီး ရိုက်ကူးထားခဲ့ကာ ကြည့်ရှုသူတွေကို ဘာတွေ ဖြစ်လာလိမ့်မလဲဆိုတဲ့ အတွေးနဲ့ ခံစားမှုပုံစံပေးမယ့် ဇာတ်ကားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
9 months Ago
Up