တိုင်ဆန်ဖျူရီဟာ လက်တလောမှာတော့ လက်ဝှေ့လောကကနေ အနားယူထားပြီးတော့ စမတ်ဒေါင်းပြိုင်ပွဲဖြစ်တဲ့ WWE မှာ သရဖူလုပွဲစဉ်အဖြစ် ဘရွန်းစတိုးရ်မန်းနဲ့ ထိုးသတ်ဖို့ ပြင်ဆင်နေပါတယ်။
ဖျူရီဟာ လက်ဝှေ့လောကကနေ ခဏတာ အနားယူခြင်းသာ ဖြစ်ပြီးတော့ ၃ လအကြာမှာ ဒီယွန်တေးဝိုင်လ်ဒါနဲ့ မကျေပွဲကို ပြန်လည်ထိုးသတ်သွားမှာလည်း ဖြစ်ပါတယ်။
ဖျူရီက စမတ်ဒေါင်းပြိုင်ပွဲမှာ သွားရောက်ကစားတာနဲ့ ပတ်သက်လို့ ကလေးဘဝ ပြိုင်ပွဲဖြစ်တာနဲ့ မတူညီတဲ့ နယ်ပယ်စုံမှာ ချန်ပီယံ ဖြစ်လိုတာကြောင့်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ရှုံးပွဲမရှိ လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီဟာ WBC ချန်ပီယံခါးပတ်အပြင် အန်တိုနီဂျော်ရွာ စွန့်လွှတ်ခဲ့ရတဲ့ WBA, IBF, WBO ချန်ပီယံခါးပတ်တွေကို ပစ်မှတ်ထားနေပါတယ်။
နာမည်မျိူးစုံနဲ့ ခါးပတ်တွေဟာ သူ့အတွက် အရေးမပါပေမယ့် အားလုံးရဲ့အပေါ်မှာ ရှိနေဖို့ကတော့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။
1 year Ago