တိုင်းရင်းသားရိုးရာ အက၊ အလှ၊ ​တေးဂီတနှင့်အစားအ​သောက်​ပွဲ​တော်​ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်

March 17, 2019

တိုင်းရင်းသားရိုးရာ အက၊ အလှ၊ ​တေးဂီတနှင့်အစားအ​သောက်​ပွဲ​တော်​ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်

တိုင်းရင်းသား​တွေရဲ့ကဏ္ဍကို မြှင့်တင်​ချင်​တဲ့ရည်​ရွယ်​ချက်​ကြောင့် တိုင်းရင်းသားရိုးရာ အက၊ အလှ၊ ​တေးဂီတနဲ့ အစားအ​သောက်​ပွဲ​တော်​ကို မတ်​လ ၂၀ ရက်​​နေ့ ရန်​ကုန်​မြို့ ပြည်​သူ့ရင်​ပြင်​မှာ ကျင်းပမှာဖြစ်ပါတယ်။ ကချင်​၊ ကယား၊ ကရင်​၊ ချင်း၊ မွန်​၊ ​ဗမာ၊ ရခိုင်​၊ ရှမ်း စတဲ့တိုင်းရင်းသား​တွေရဲ့ ရိုးရာစား​သောက်​ဖွယ်​ရာ​တွေနဲ့ တိုင်းရင်းသားအက​​တွေ ပါဝင်​မှာဖြစ်​ပြီး အစား​အ​သောက်​နဲ့ အဝတ်​အထည်​​တွေကို ဆိုင်​ခန်း​ပေါင်း ၆​၀ ​ကျော်​ ဖွင့်လှစ်​​ပေးသွားမယ်​လို့ ပွဲစီစဉ်​သူ ကို​အောင်​မြတ်​က​ ပြောပါတယ်​။ တိုင်းရင်းသားရိုးရာ အက၊ အလှ၊ ​တေးဂီတနှင့်အစားအ​သောက်​ပွဲ​တော်​ကို မတ်​ ၂၀ ရက်​​နေ့က​နေ ၂၄ ရက်​​နေ့ထိ ၅ ရက်​တာ ကျင်းပမှာဖြစ်​ပြီး ​​နေ့လယ်​ ၁၂ နာရီက​နေ ည ၉ နာရီအထိ ဖွင့်လှစ်​သွားမယ်​လို့ သိရပါတယ်​။ စုစု
2 years Ago
Up