တိုင်ကြားချက်

August 3, 2018

ဝန်ကြီးချုပ်များအပေါ် အဂတိလိုက်စားမှု တိုင်ကြားချက်များ ခိုင်လုံမှုမရှိဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ခန့်အပ်ထားတဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်ကြားမှုတွေရှိနေတယ်လို့ ပါတီရဲ့တိုင်ကြားစာစီစစ်ရေး ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ဒါပေမယ့် ဒီတိုင်ကြားစာတွေဟာ အကျိုးအကြောင်း ခိုင်လုံမှု မရှိတာကြောင့် အရေးယူလို့မရဘူးလို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် ကပြောပါတယ်။ “အများစုက ၀န်ကြီးချုပ် အဆင့်လောက်ကို တိုင်ပြီဆိုရင် အများစုက ခိုင်လုံမှု မရှိတာများပါတယ်။ ကျနော်တို့က ခိုင်လုံမှုကို အဓိက ကြည့်ပါတယ်။ အထူးသဖြင့်တော့ အဂတိလိုက်စားမှုကို ကျနော်တို့ နည်းနည်းသဲလွန်စတွေ့တာနဲ့ သဲကြီးမဲကြီးလိုက်ပါတယ်။ အခုအထိတော့ ဒါတွေပေါ်လွင်တာ  ကျနော်တို့ မတွေ့သေးပါဘူး။” ဘယ်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ၀န်ကြီးချုပ်တွေ အဓိက တိုင်ကြားခံရတယ်ဆိုတာကတော့ မသိရသေးပါဘူး။ လက်ရှိမှာ တိုင်ကြားစာစီစစ်ရေးကော်မတီကို တိုင်ကြားလာတဲ့ စာပေါင်း ၅ဝဝ နီးပါး ရှိနေပြီ တိုင်ကြားစာရဲ့၁ဝ ပုံတပုံကို အရေးယူဆောင်ရွက်ထားတယ်လို့ ဒေါက်တာမျိုးညွန့်က ကပြောပါတယ်။
3 years Ago
Up