တိုင်းနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲအတွက် လူသစ်တန်းရွေးချယ်ပွဲ မန္တလေးတွင် ကျင်းပ

May 21, 2018

တိုင်းနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲအတွက် လူသစ်တန်းရွေးချယ်ပွဲ မန္တလေးတွင် ကျင်းပ

  မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်မကော်မတီအဖွဲ့က တိုင်းနဲ့ပြည်နယ် လက်ဝှေ့ပြိုင်ပွဲအတွက် လူသစ်တန်းရွေးချယ်ပွဲကို မန္တလေးမြို့ လူထုဟစ်တိုင်ကွင်းမှာ မနေ့ ညနေပိုင်းက ကျင်းပပါ တယ်။ လက်ဝှေ့လူသစ်တန်းရွေးချယ်ပွဲကို တွဲဆိုင်း ၁၃ဆိုင်း ယှဉ်ပြိုင်ထိုးသတ်စေပြီး ရွေးချယ်ခဲ့တာပါ။ ပြည်နယ်နဲ့တိုင်းမှာ အောင်ပွဲရဖို့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာ အဆင့်ထိရောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာလို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီအနေနဲ့ မိန်းကလေး လက်ဝှေ့မယ် ၂ ဦးအပါအဝင် ၃၈ ဦးကို ရွေးချယ်ခဲ့ပြီး ပြင်ဦးလွင်မြို့မှာ လေ့ကျင့်ရေးပြုလုပ်ကာ ပြည်နယ်နဲ့ တိုင်းလက်ဝှေ့ပြိုင်ပွဲ ဝင်သွားဖို့ရှိနေပါတယ်။ လက်ဝှေ့သမားတွေအတွက် ထိုးသတ်ကြေးက တခါတလေ ဆေးဖိုးတောင်မရကြဘူးလို့ အနားယူသွားတဲ့ လက်ဝှေ့သမားဟောင်းတွေက ပြောကြပါတယ်။
4 years Ago
Up