တိုင်းပြည်အတွက် အရေးပါသည့် ဥပဒေရေးဆွဲ၊ ပြင်ဆင်တာတွေ ပြုလုပ်မည်

April 5, 2016

တိုင်းပြည်အတွက် အရေးပါသည့် ဥပဒေရေးဆွဲ၊ ပြင်ဆင်တာတွေ ပြုလုပ်မည်

တိုင်းပြည်အတွက် အရေးပါတဲ့ ဥပဒေရေးဆွဲတာ၊ ပြင်ဆင်တာတွေ ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ ဦးဝင်းထိန်ကို ဧပြီလ ၅ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းလိုက်တာပါ။ ဘယ်လို ဥပဒေတွေ လုပ်မယ်ဆိုတာကိုတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တချို့ဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေ ဖြစ်သွားတဲ့အတွက် ဒီနေ့မှာ အစားထိုး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
6 years Ago
Up