တိုင်းမ်မဂ္ဂဇင်း၏

December 8, 2016

တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဒေါ်နယ်ထရမ့် ရွေးချယ်ခံရ

အရွေးကောက်ခံ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၂၀၁၆ ခုနှစ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရပါတယ်။ ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အများက မျှော်လင့်ထားကြတဲ့ ဟီလာရီကလင်တန်ကို ဒေါ်နယ်ထရမ့်က အနိုင်ရရှိလိုက်တာကြောင့် အမေရိကန် နိုင်ငံရေးသမိုင်းမှာ ပွတ်လောအရိုက်ဆုံး ရွေးကောက်ပွဲတခု ဖြစ်ခဲ့တာပါ။ “သူ့ကို တိုင်းမ်မဂ္ဂဇင်းကြီးက အခုလို ရွေးချယ်လိုက်တဲ့အတွက် သူ အထူးဂုဏ်ယူ ၀မ်းမြောက်တယ်။ အခုလို ရွေးချယ်ခံရတာ သူ့အတွက် အတော့်ကို အရေးပါတယ်” လို့ ဒေါ်နယ်ထရမ့်က အန်ဘီစီရုပ်သံမှာ ပြောဆိုခဲ့ပါတယ်။ ထရမ့်ကို သူ့ရဲ့ ရွေးကောက်ပွဲ ပြိုင်ဘက်ဖြစ်တဲ့ ဟီလာရီကလင်တန်နဲ့ ရုရှားသမ္မတ ပူတင်တို့နဲ့အပြိုင် တိုင်းမ်မဂ္ဂဇင်းကြီးက ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကို အီးယူအဖွဲ့ထဲက နုတ်ထွက်နိုင်ဖို့ ဦးဆောင်စည်းရုံးခဲ့တဲ့ ဗြိတိန် Independence Party ခေါင်းဆောင်ဟောင်းလည်း ဒီကနဦးရွေးချယ်မှုထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီရွေးချယ်မှုမှာ ဟီလာရီကတော့ ဒုတိယနေရာမှာ ရှိခဲ့တယ်လို့ တိုင်းမ်မဂ္ဂဇင်းကြီးက ပြောဆိုပါတယ်။ တိုင်းမ်မဂ္ဂဇင်း ပရိသတ်တွေကို အခုနှစ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်ကို ပထမအဆင့် ရွေးချယ်စေခဲ့ပြီး နောက်ဆုံးအဆင့်ရွေးချယ်မှုကိုတော့ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ရွေးချယ်ခဲ့တာပါ။
5 years Ago
Up