တိုင်းမ်မဂ္ဂဇင်း

April 21, 2019

တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြခံရသည့် ဆာလက်ကို စံပြတဦးဟု လီဗာပူးနည်းပြ ချီးကျူး

တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အရာရာတိုင်းအတွက် စံပြတဦးဖြစ်တယ်လို့ တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံရတာနဲ့ ပတ်သက်လို့ လီဗာပူး နည်ပြ ဂျာဂျင်ကလော့ပ်က ချီးကျူးစကားပြောပါတယ်။ မိုဟာမက်ဆာလာဟာ နာမည်ကျော် ဂျာနယ်လစ် ဂေးလ်ကင်း၊ တေလာဆွစ်ဖ်၊ ဆန်ဒရာအို့၊နန်စီ၊ စတာတွေနဲ့အတူ တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ဖော်ပြခံခဲ့ရတာပါ။ မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းကို ရောက်ရှိလာချိန်ကတည်းက ပုံမှန်ခြေစွမ်းပြခဲ့သူဖြစ်ပြီး အခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
2 years Ago
Up