တိုင်လာ ဟန်နီကပ်

July 8, 2018

ဘတ်စ်ကက်ဘောစတား တိုင်လာ ဟန်နီကပ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ဘတ်စ်ကက်ဘော ကစားသမား တိုင်လာ ဟန်နီကပ်ကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ Skynews သတင်းမှာ ဖော်ပြပါတယ်။ ဟန်နီကပ်ဟာ NBA ကစားသမားဟောင်းတဦးဖြစ်ပြီး သူဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဖြစ်ကြောင်းနဲ့ သူ့အတွက် အောက်မေ့ဖွယ်အခမ်းအနားတွေကို ပြုလုပ်နေကြောင်း အမေရိကန်သတင်း မီဒီယာတွေမှာဖော်ပြပါတယ်။ လော့စ်အိန်ဂျလိစ်ရဲဌာနဘက်ကလည်း သတင်းထုတ်ပြန်မှုတရပ်ပြုလုပ်ခဲ့ပြီး ဒီထုတ်ပြန်မှုမှာ ဟန်နီကပ်ရဲ့ နာမည်ကို ဖော်ပြထားခြင်းမရှိဘဲ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတယောက်ကို သူ့အိမ်မှာ ပိတ်ဆို့ထားနိင်ခဲ့ပြီလို့ ဆိုပါတယ်။ အစောပိုင်း ထိတွေ့မှုတွေမှာ သေနတ်သမားက ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပြီး ရဲတွေဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်လို့ ရဲဌာနရဲက တွစ်တာစာမျက်နှာမှာ ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းမှာ အမျိုးသားဟာ ဒဏ်ရာရခဲ့ခြင်းမ ရှိကြောင်းနဲ့ သူဟာ သူ့ကိုယ်သူ ပြန်လည်ပစ်ခတ်ခဲ့တဲ့ ဒဏ်ရာသာရရှိခဲ့တာလို့ ကြေညာချက်မှာ ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာလို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဟန်နီကပ်ရဲ့ အထက်တန်းကျောင်း ဘတ်စ်ကက်ဘောအသင်းနည်းပြဖြစ်သူ ဘော့အက်စ်ကော့တိုက ဟန်နီကပ်ဟာ သူ့ကိုယ်သူသတ်သေသွားပြီလို့ သူ့မိခင်က ပြောကြောင်း ရဲဌာနမှာ ထွက်ဆိုပါတယ်။ ဟန်နီကပ်ဟာ ဘတ်စ်ကက်ဘောကစားသမားဘဝကို ကယ်လီဖိုးနီးယား တက္ကသိုလ်အသင်းနဲ့ စတင်ခဲ့သူဖြစ်ပြီးအဲ့ဒီနောက် ၂၀၁၁ ခုနှစ်မှာတော့  Sacramento Kings အသင်းရဲ့ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ ဟန်နီကပ်ဟာ Huston Rockets အသင်းအပြင် အစ္စရေး၊ ရုရှားနဲ့ တူရကီကလပ်အသင်တွေမှာလည်း ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။
3 years Ago
Up