တိုင်တန်းနစ်

April 15, 2019

တိုင်တန်းနစ် သင်္ဘော နစ်မြုပ်သည့် နှစ်ပေါင်း ၁၀၇ နှစ်ပြည့်

ဒီနေ့ဟာ တိုင်တန်းနစ် သင်္ဘော နစ်မြုပ်တဲ့ ၁၀၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ပါ။ ၁၉၁၂ ဧပြီ ၁၅ ရက်မှာ ခရီးသည်တင် သင်္ဘော တိုင်တန်းနစ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်အတွင်း သမုဒ္ဒရာ ထဲမှာ မျောနေတဲ့ ရေခဲကျွန်းမျောနဲ့ တိုက်မိနစ်မြုပ်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ အရှေ့စွန်းက နယူးဖှောင်လန်ကျွန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ချိန်မှာ ခရီးသည်နဲ့ ဝန်ထမ်း အယောက် ၂၂၀၀ လိုက်ပါခဲ့ပြီး သူတို့ထဲက ၁၅၂၃ ယောက် သေဆုံးပါတယ်။ ဓာတ်ပုံ- GETTY IMAGES
2 years Ago
Up