တိုကျို အိုလံပစ် ပိတ်ပွဲ

August 8, 2021

တိုကျိုအိုလံပစ် ပိတ်ပွဲ လုံခြုံရေးတင်းကျပ်

ဂျပန်မြို့တော် တိုကျိုမှာ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲကို ဒီနေ့  သြဂုတ် ၈ ရက်မှာ မကျင်းပခင် အမျိုးသားအားကစားရုံဝင်းပတ်လည်မှာ လမ်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။

အပူပိုင်းမုန်တိုင်းက ဂျပန်အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် ဝင်ရောက်မှာမို့ တနေကုန် မိုးသည်းပြီး လေထန်နေမယ်လို့ ဂျပန် မိုးလေဝသဌာနကလည်း သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

ဝါသနာအိုးတွေက အိုလံပစ်ကွင်းကြီးတွေပါတဲ့ ရုပ်တုနဲ့တွဲပြီး ဓာတ်ပုံရိုက်ဖို့ တန်းစီနေတတ်တဲ့ အိုလံပစ်ရင်ပြင်ကိုလည်း လုံခြုံရေးအတွက် ပိတ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးရှိနေပေမဲ့ အားကစားပွဲကို ဆက်လုပ်တာကောင်းပါတယ်လို့ မိုးဒဏ်ကို အန်တုနေတဲ့ ဒေသခံတွေက ပြောပါတယ်။

“အားကစားပွဲ ဆက်မကျင်းပနိုင်တော့မှာကို စိုးရိမ်နေရပေမဲ့ အားကစားသမားတွေ ယှဉ်ပြိုင်တာကို ရုပ်သံကနေ မြင်ရတာ အင်မတန် စိတ်ခွန်အားရပါတယ်။ ဒါဟာ အင်မတန်ကောင်းတယ် ထင်တယ်”လို့ အသက် ၄၃နှစ်အရွယ် အာ့အိခို တိုမတ်စုက ပြောပါတယ်။

ရွှေတံဆိပ်ဆုအတွက် ပြိုင်ပွဲအတော်များများကို ဒီနေ့ နောက်ဆုံးနေ့မှာ ကျင်းပမှာဖြစ်ပြီး အိုလံပစ်ပွဲ ပိတ်ပွဲကို ဒေသစံတော်ချိန် ည ၈နာရီမှာ ပွဲကြည့်ပရိသတ် မပါဘဲ ကျင်းပမှာ ဖြစ်ပါတယ်။

4 months Ago
Up