တိုကျိုအင်ဒိုနီးရှားသံရုံးရှေ့

February 26, 2021

တိုကျိုအင်ဒိုနီးရှားသံရုံးရှေ့ ဂျပန်ရောက်မြန်မာနိုင်ငံသားများဆန္ဒပြ

အာဆီယံနိုင်ငံများမှ အာဏာသိမ်းမြန်မာစစ်တပ်အား လုံးဝအသိအမှတ် မပြုရေး ၂၀၂၀ ရွေး​ကောက်ပွဲရလဒ်ကနေ ဖြစ်ပေါ်လာတဲ့ CRPH လွှတ်တော်ကိုယ်စားပြုကော်မတီကို အသိအမှတ်ပြုရေးကို တိုကျို  မဲဂုရိုမြို့ အင်ဒိုနီရှားသံရုံးရှေ့မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံသားတွေက တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ကျနော်တို့ ဂျပန်ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေက ပြည်တွင်းက မြန်မာပြည်တွေနဲ့အတူ အင်ဒိုနီးရှားအပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပြီး CRPH ကိုသာ လက်ခံဖို့ လာရောက်တောင်းဆိုရတာပါ”လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုမျိုးကြီးက ဒီဗွီဘီကိုပြောပါတယ်။

2 years Ago
Up