တိုကျိုရုရှားသံရုံးရှေ့

March 31, 2021

တိုကျိုရုရှားသံရုံးရှေ့ ဂျပန်ရောက်မြန်မာများ ဆန္ဒပြ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အဇဘုဒိုင်းရှိ ရုရှားသံရုံးရှေ့မှာ မတ်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

“ရုရှားက လူမိုက်အားပေးသလို လက်နက်တွေပံ့ပိုးနေတာရယ်။ နောက်တိတိကျကျကြီး ၂၇ ရက်နေ့က အခမ်းအနားကို တက်ရောက်ပြခဲ့တာတွေ၊ ကုလမှာတိတိကျကျအဖြေမပေးဘဲ လက်နက်ကိုင် မြန်မာစစ်တပ်ကို အကြမ်းဖက်ဖို့ အားပေးနေသလိုမျိုးဖြစ်နေတာကြောင့် အခုလို လာရောက်ဆန္ဒပြနေကြတာပါ”လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ မလဲ့လဲ့လွင်က ဒီဗွီဘီ ကိုပြောပါတယ်။

တိုကျို ရုရှားသံရုံးဝင်ထွက်နေသူ ရုရှားပြည်သူတွေက မြန်မာပြည်သူတွေကို စာနာပြီး ထောက်ခံကြောင်း ရုရှားအစိုးရကို လက်နက်ကိုင်မြန်မာစစ်ကောင်စီကို မထောက်ခံဖို့ တိုက်တွန်း ပြောဆိုပေးမယ်လို့  ဆန္ဒပြသူတွေကို အားပေးပြောဆိုခဲ့တဲ့အကြောင်း  ဆန္ဒပြပွဲသူတဦးဖြစ်တဲ့ ကိုရန်ပိုင်ဦးက ဒီဗွီဘီကို ပြောပြပါတယ်။

မြန်မာနဲ့ရုရှားနိုင်ငံဟာ အချိန်ကြာမြင့်စွာနီးကပ်တဲ့ဆက်ဆံရေးရှိနေပေမယ့် အဲဒါဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဝမ်းနည်းစရာအခြေအနေတွေကို ထောက်ခံတဲ့သဘောမဟုတ်ဘူးလို့ ရုရှားအစိုးရက မတ်လ ၂၉ ရက်မှာပြန်လည်ဖြေရှင်းပြောဆိုထားပါတယ်။

2 months Ago
Up