တိုကျိုမျှော်စင်

June 2, 2020

သုံးလကြာပိတ်ထားခဲ့သည့် တိုကျိုမျှော်စင် ပြန်ဖွင့်

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် သုံးလကြာ ပိတ်ထားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး အဆောက်အအုံ တိုကျို Skytree မျှော်စင်ကို ဇွန်လ ၁ ရက်မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ မျှော်စင်မှာ ကိုယ်အပူချိန်တိုင်းတဲ့ ကင်မရာကို ဝင်ပေါက်မှာ တပ်ဆင်ထားပြီး လာရောက်လည်ပတ်သူတွေကို စစ်ဆေးမှာပါ။ အခြေခံပညာမူလတန်းအဆင့်ထက်ငယ်တဲ့ ကလေးငယ်တွေကတော့ ပါးစပ် နှာခေါင်းစည်း တပ်ပါမယ်။  တိုကျိုမျှော်စင်ကို မနက် ၉ နာရီကနေ ည ၉ နာရီအထိပဲ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး  ဝင်ရောက်လည်ပတ်မယ့် ဧည့်သည်အရေအတွက်ဟာလည်း မျှော်စင်မှာ အမြင့်ဆုံးလက်ခံနိုင်တဲ့ ဧည့်သည် အရေအတွက်ရဲ့ နှစ်ဆယ်ကနေ သုံးဆယ်ရာခိုင်နှုန်းအထိပဲ ဝင်ခွင့်ပြုတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ Skytree မျှော်စင်ဟာ ရုပ်သံနဲ့ ရေဒီယိုအသံလွှင့်လုပ်ငန်းတွေအတွက် အဓိကနေရာ ဖြစ်ပြီး အမြင့်ပေ ၂၀၈၀ ရှိကာ  ဒူဘိုင်းက ဘာ့ခါလီဖာ အဆောက်အအုံပြီးနောက် ကမ္ဘာ့ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်လည်း ဖြစ်ပါတယ်။
1 year Ago
Up