တိုကျိုစတော့စီအီးအို

October 2, 2020

အရောင်းအဝယ်ထိခိုက်စေသည့် မီးပျက်မှု တိုကျိုစတော့စီအီးအိုတောင်းပန်

ကမ္ဘာ့တတိယအကြီးဆုံး တိုကျိုစတော့ဈေးကွက် (TSE) က အရောင်းအဝယ်တွေကို ထိခိုက် စေခဲ့တဲ့ ဓာတ်အားပြတ်တောက်မှုအပေါ် TSE  စီအီးအိုက အောက်တိုဘာ ၁ ရက်မှာ ဝန်ချ တောင်းပန်လိုက်ပါတယ်။   ဒီဓာတ်အားပြတ်တောက်မှုဟာ တိုကျိုစတော့ဈေးကွက် (TSE) ကြုံတွေ့သမျှထဲမှာ အဆိုးဆုံးဖြစ်ပြီး အောက်တိုဘာ ၂ ရက်မှာ ပြန်ဖွင့်ဖို့ ရည်ရွယ်ထားတယ်လို့  ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့  ဈေးကွက်ကို စီမံအုပ်ချုပ်နေတဲ့ အကြီးအကဲ တယောက်အနေနဲ့  သူ့မှာ တာဝန်ရှိပါတယ်လို့  TSE  စီအီးအို ကိုအီချီရို မီယာဟာရာက ပြောဆိုခဲ့ပါတယ်။ တိုကျိုစတော့ ဈေးကွက်ရဲ့ တနေ့တာလုံး လုပ်ငန်းရပ်ဆိုင်းခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ ရှယ်ယာတွေ ပြန်ဝယ်ယူဖို့ ရှာဖွေရာမှာ  အချည်းနှီး ဖြစ်ခဲ့ရပါတယ်။  TSE  ရဲ့ "Arrowhead" အရောင်းအဝယ်စနစ်မှာ ဟာ့ဒ်ဝဲလ်ပိုင်း ပြဿနာရှိတာကြောင့်နဲ့  အရန်ကိရိယာ အသုံးပြုဖို့ ပြောင်းရာမှာ မကြာခဏ ပျက်ကျတာကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ရတယ်လို့  TSE က ရှင်းပြပါတယ်။  တိုကျိုစတော့ဈေးကွက်မှာ အရင်ကလည်း နည်းပညာပိုင်းအခက်အခဲလေးတွေ ကြုံတွေ့ လေ့ရှိပြီး အရောင်းအဝယ် နှေးကွေးတတ်ပေမယ့် ၂၀၁၀ ခုနှစ်တုန်းက စနစ်သစ်တခုကို အသုံးပြုပြီးနောက်ပိုင်းမှာ အမှားအယွင်း မရှိသလောက် နည်းသွားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
7 months Ago
Up