တိုက်ဖွန်း ဖန်ဖုန်

A d v e r t i s e m e n t With Us

December 27, 2019

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် ၁၆ ဦးသေဆုံး၊ ပျက်စီးမှုများ

ခရစ္စမတ်ကာလအတွင်း ဖိလစ်ပိုင်မှာ တိုက်ဖွန်း ဖန်ဖုန်း ဝင်ရောက်ခဲ့တာကြောင့် ၁၆ ယောက်ထက်မနည်း သေဆုံးပြီး အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။  ဒီဇင်ဘာ  ၂၅ ရက် အရုဏ်ချိန်မှာ မုန်တိုင်းဟာ ဖိလစ်ပိုင်ကျွန်းတွေကနေ ထွက်ခွါပြီး တောင်တရုတ်ပင်လယ်ပြင်ကို ဦးတည်ခဲ့ပါတယ်။  တိုက်ဖွန်း ဖန်ဖုန်းဟာ ဗစ်ဆာယာဒေသကို ဝင်ရောက်ခဲ့ပြီး  လေတိုက်နှုန်း ၁၉၅ တစ်နာရီ ကီလိုမီတာနဲ့ မိုးကြီးခဲ့ပါတယ်။  မုန်တိုင်းအဖျားခတ်ခံရပေမယ့် လူဇုန်ကျွန်းအရှေ့တောင်ပိုင်းမှာ  မိုးသည်းထန်စွာ ရွာခဲ့ပါတယ်။  တိုက်ဖွန်း ဖန်ဖုန်းဒဏ်ကို  လူ ၄၅,၀၀၀ လောက် ထိခိုက်ခံစားရပြီး ၃၉,၀၀၀ နီပါး ယာယီစခန်းတွေမှာ နေထိုင်ရတယ်လို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်လျှော့ချရေး စင်တာက  သတင်းထုတ်ပြန်ခဲ့ပါတယ်။   
1 year Ago
Up